1040

ကွတ်ခိုင်တွင် အမျိုးသား(၃)ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
30 April 2025

ကွတ်ခိုင်တွင် အမျိုးသား(၃)ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး


ကွတ်ခိုင်၊ ဧပြီလ ၃ဝရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ ဟိုနောင်အုပ်စု၊ ကုန်းချမ်းကျေးရွာတွင် အမျိုးသား (၃)ဦးမိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သည်။


ဖြစ်စဉ်တွင် ဧပြီလ (၂၈)ရက် မိုးသက် လေပြင်းကျနေချိန် ကြွင်းအတွင်း မီး သွေးသွားထုတ်ယူသည့် အမျိုးသား (၃)ဦးသည် မိုးကြိုးပစ်ခံခဲ့ရပါသည်။ ထို့နောက် ဧပြီလ (၂၉)ရက်တွင် မိသားစုဝင်တစ်ဦးသည် ထမင်းသွားပို့ရာ ၎င်းတို့၏ သေဆုံးနေသည့်ရုပ်အလောင်းကို တွေ့မြင်ခဲ့ပါသည်။


အဆိုပါမိုးကြိုးပစ်ခံရသော အမျိုးသားများသည် အသက် (၆၂)နှစ်အရွယ် ဦးလွင်ခိုင်၊ အသက် (၃၆)နှစ်အရွယ် ဦးအိုက်လွင်နှင့် အသက် (၃ဝ)နှစ်အရွယ် ဦးအိုက်မွန်းတို့ဖြစ်ကြသည်။


သေဆုံးသွားသည့်ရုပ်အလောင်းများကိုဒေသခံပြည်သူလူထုမျာက သွားရောက်သယ်ဆောင်ခဲ့ပြီး ယမန်နေ့ ဧပြီလ (၂၉)ရက် ညနေ (၃:ဝဝ)နာရီအချိန်တွင် မီးသဂြိုလ်ပေးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွတ်ခိုင်တွင် အမျိုးသား(၃)ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်