တအာင်းပြည်တွင် ဧပြီလအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၃)ဦးနှင့် သုံးစွဲသူ (၆၅)ဦး ဖမ်း ဆီးနိုင်ခဲ့
တအာင်းပြည်၊ မေလ ၁ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သောမြို့နယ် (၆)မြို့ဖြစ်သည့် ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်နှင့် မန်တုံ၊ နမ္မတူနှင့် သီပေါမြို့နယ်တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေး ဝါးရောင်းဝယ်သူ (၁၃)ဦးနှင့် သုံးစွဲသူ (၆၅)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်။
ကျောက်မဲမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၃)ဦးတို့အတူ ဘိန်းဖြူ (၃၆)ခွက်၊ ဘိန်းဖြူထည့်ထားသည့် တစ်လက်မခန့်ရှိသော ဗူး (၇)ဗူး၊ WYစာတန်းပါစိတ်ကြွဆေးပြား (၆၄၁၄)ပြား၊ ဆက်စပ်ပစ္စည်းများ၊ ဖုန်း (၉)လုံးနှင့် ငွေသားသိန်း (၉၂) ကျပ်တို့အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် နောင်ချိုမြို့နယ်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့်အတူ ယာမဆေးပြားများ၊ ဘိန်းဖြူထည့်ထားသည့် M-150ပုလင်း (၁)ပုလင်းနှင့် ပုလင်းသေး (၁)ပုလင်းတို့ကို တွေ့ရှိခဲ့ပါသည်။ ထိုပစ္စည်းများ၏စုစုပေါင်းကာလတန်းဖိုးသည် (၅)သိန်းရှိပါသည်။
အလားတူ ကွတ်ခိုင်မြို့နယ်လည်း တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၄)ဦးနှင့် သုံးစွဲသူ (၄)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့နှင့်အတူ ဘိန်းဖြူထည့်ထားသော ဆပ်ပြာခွက် (၂)ခွက်၊ အလေးချိန်ရှိသောဘိန်းဖြူ (၂၅)ဂရမ်၊ ယာမစိတ်ကြွဆေးပြား အလုံးရေ (၃ဝဝဝ)လုံး၊ ဖုန်း (၁)လုံးနှင့်အတူ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့်ပစ္စည်းအများအပါအဝင် ဖမ်းဆီးရမိခဲ့သည်။
မန်တုံမြို့နယ်တွင်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၅ဝ)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ (၁)ရက်မှ (၂၂)ရက်အတွင်း နမ္မတူမြို့နယ်လည်း မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများမှ ပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ(၃)ဦးနှင့် သုံးစွဲသူ (၉)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။
အလားတူ သီပေါမြို့နယ်လည်း ပြီးခဲ့သည့် ဧပြီလ (၁၃)ရက်မှ (၁၈)ရက်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ (၂)ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့မှ အကျင့်စာရိတ္တပြုပြင်ရေးစခန်း ပို့ဆောင်ပေးခြင်းနှင့် ပြစ်မှုကြီးသည့်သူများကို
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်အတွင်းအရေးယူဆောင်ရွက်ထိန်းသိမ်းထားပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ