မိုးကုတ်မြို့နယ် ကျောက်ကြမ်းကျေးရွာတွင် တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲပြုလုပ်ကျင်းပပြီးစီး
နမ့်ဆန်၊ မေလ ၁၃ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ မိုးကုတ်မြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို တအာင်းစာပေအဖွဲ့-TLAမှ အခြေခံတအာင်းရုံံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။
သင်တန်းတွင် မတ်လ ၁၅ ရက်နေ့မှ မေလ ၁၁ ရက်နေ့ထိ (၂)လနီးပါး သင်ကြားပေးခဲ့သည်။ အဆိုပါသင်တန်း ဆင်းပွဲကို ပြီးခဲ့သည့် မေလ (၁၁)ရက်နေ့တွင် တအာင်းစာပေအဖွဲ့-TLAမှ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသင်တန်းတွင် သင်တန်းသား (၇)ဦးနှင့် သင်တန်းသူ (၂၀)ဦးစုစုပေါင်း (၂၇)ဦး တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကိုလည်း တအာင်းစာပေအဖွဲ့-TLAမှ သင်တန်းတက်ရောက်အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates) များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ၎င်းသင်တန်းဆင်းပွဲကို သင်တန်းသား/သူများ၊ ဆရာ/မများနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်း (၁၁၇)ဉီးတက်ရောက်ခဲ့ပါသည်။
တအာင်းစာပေအဖွဲ့-TLAသည် ပြီးခဲ့သည့် ဧပြီလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးPSLF/TNLA အုပ်ချုပ်သော မန်တုံ၊ နမ့်ခမ်း၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်(၄)ခုမှ ကျောင်းသား/သူ စုစုပေါင်း (၅၆၅)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့သည်။
အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် တအာင်းရုံးသုံးစာ/ စကားပြန့်ပွားရေး၊ တအာင်းမျိုးနွယ်စုများ စကားလုံးအသုံးအနှုန်း ဝေါဟာရတူညီခြင်း၊ တအာင်းပညာရေးဌာနဆိုင်ရာ တအာင်းစာပေထည့်သွင်းသင်ကြားနိုင်ခြင်း၊ တအာင်းမိခင်ဘာသာစကား မပပျောက်ခြင်း၊ တအာင်းအဖွဲ့အစည်းဌာနဆိုင်ရာဝန်ထမ်းများနှင့် ရုံးဌာနတိုင်း တအာင်းရုံးသုံးစာဘာသာဖြင့် အသုံးပြုနိုင်ခြင်း၊ တအာင်းစာအုပ်စာပေ ပုံနှိပ်မဂ္ဂဇင်းစာအုပ်များထုတ်ဝေနိုင်ခြင်း၊ တအာင်းပညာရေးကျောင်းအတွင်း တအာင်းစာပေဘာသာရပ်များပို့ချပေးရန်အတွက် ဆရာ/မဝန်ထမ်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ