1109

တအာင်းပြည်လူဝင်မှုကြီးကြပ်ရေးဌာနမှ လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အပတ်စဥ် (၁) သင်တန်း ဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
17 May 2025

တအာင်းပြည်လူဝင်မှုကြီးကြပ်ရေးဌာနမှ လူဦးရေစာရင်းနှင့်  လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အပတ်စဥ် (၁) သင်တန်း ဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး


နမ္မတူ၊ မေလ ၁၇ ရက်

တအာင်းပြည်သတင်း


တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာန (Ta'angLand Immigration Department )အနေဖြင့် တအာင်းပြည်ရှိ လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အပတ်စဥ် (၁) သင်တန်း ဆင်းပွဲ အခမ်းအနားအား ယမန်နေ့ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြုလုပ်ကျင်းပပြီးစီးခဲ့သည်။





အဆိုပါ အခမ်းအနားတွင် PSLF/TNLA၏ ဗဟိုအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဂျား၊ ဗဟိုအုပ်ချုပ်ရေးဒုဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော်၊ လူဝင်မှုကြီးကြပ်ရေးဌာနမှူး  ဗိုလ်မှူး  တားရူစိင်၊  ဒုရဲချုပ် ဗိုလ်မှူးတားကုင်နောနှင့် ဌာနဆိုင်ရာအသီးသီးတာဝန်ရှိသူများအပါအဝင် ရပ်မိရပ်ဖများ၊ သင်တန်းသူ/ သားများ စုစုပေါင်း လူဦးရေ (၁၀၀)ဝန်းကျင်တက်ရောက်ခဲ့ကြသည်။ 


အဆိုပါ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အပတ်စဥ် (၁) သင်တန်းအား ပြီးခဲ့သည့်မေလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလ (၁၅) ရက်ကြာမြင့်ခဲ့သည်။ ထိုသင်တန်းတွင် PSLF/TNLA အုပ်ချုပ်သော မြို့နှင့်ကျေးရွာအတွင်းရှိ မိဘပြည်သူလူထုများကို လူဦးရေစီစစ်ပြီး အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်း၊ ပြည်နယ်သားမှတ်ပုံတင် စီစစ်ထုတ်ပေးခြင်း နှင့် နိုင်ငံသား(ဧည့်ပြည်နယ်သား) စီစစ်သတ်မှတ်ခြင်းလုပ်ငန်းများ၊ အခြေခံတအာင်းရုံးသုံးစာနှင့် ရုံးပိုင်းဆိုင်ရာပတ်သတ်သည့်လုပ်ငန်းတို့ သင်ကြာပေးခဲ့သည်။


ထိုလူဝင်မှုကြီးကြပ်ရေးလုပ်ငန်းအား သင်တန်းသူ (၃၀)ဦးနှင့် သင်တန်းသား (၂၁) ဦး စုစုပေါင်း (၅၁)ဦးတက်ရောက်သင်ကြားပြီးမြောက်ခဲ့သည်။ ၎င်းသင်တန်းပြီးမြောက်သွားခဲ့ကြသော သင်တန်းသူ/သား များကို  တအာင်းပြည်လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ထမ်းဆောင်ကြရမည်ဖြစ် သည်။


အဆိုပါ တအာင်းပြည်လူဝင်မှုကြီး ကြပ်ရေးဌာနသည် ၂၀၁၆ ခုနှစ်ကတည်းက PSLF၏ အထွေထွေအုပ်ချုပ်ရေးဌာနတွင် အစပြုသန္ဓေတည်ပြီး လုပ်ငန်းများလုပ်ဆောင်ခဲ့ပါသည်။ အလားတူ  ၂၀၂၁ ခုနှစ်တွင် တာဝန်ထမ်းဆောင်သည့်ဝန်ထမ်းလူအင်အားများ တိုးချဲ့ပြီး လုပ်ငန်းများ အရှိန်မြှင့်တင်လည်ပတ်ခဲ့ရာမှ ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးတွင် အဖွဲအစည်း၏ လုပ်ငန်းသစ်တစ်ခုအဖြစ်အကောင် အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ပါသည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်လူဝင်မှုကြီးကြပ်ရေးဌာနမှ လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အပတ်စဥ် (၁) သင်တန်း ဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်