1183

နမ့်ဆန်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
17 June 2025

နမ့်ဆန်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖမ်းဆီးရမိ

နမ်ဆန်၊ ဇွန်လ ၁၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်တွင် ဇွန်လ (၁၄)ရက်နေ့ နေ့လယ် (၃း၀၀)နာရီအချိန်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးမှုပြုလုပ်နေစဉ် အသက် (၂၆)နှစ်အရွယ် ကိုဂျန်နီကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါးသုံးစွဲထားကြောင့် စစ်ဆေးတွေ့ရှိခဲ့သည်။ 

ထိုနောက်တွင် ၎င်းအမျိုးသားကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီး မူးယစ်ဆေးဝါးဥပ‌ဒေအရ  အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် မေလအတွင်းလည်း မိုးကုတ်၊ ကွက်ခိုင်၊နမ့်ခမ်း၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၀)ဦးနှင့် သုံးစွဲသူ (၂၀)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်