ဇွန်လအတွင်း ကျေးရွာပေါင်း (၁၉)ရွာကို PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့
တအာင်းပြည်၊ ဇွန်လ ၃၀ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဇွန်လတစ်လအတွင်းကျေးရွာပေါင်း (၁၉)ရွာရှိ ပြည်သူလူထုများထံ အသိပညာပေးမှုများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။
ထိုအသိပညာပေးမှုကွင်းဆင်းရာတွင် မိုင်းယော်မြို့နယ်ရှိ ကျေးရွာ (၁၅)ရွာ၊ သီပေါမြို့နယ်ရှိ ကျေးရွာ (၃)ရွာ၊ မိုင်းလုံမြို့နယ်ရှိ ကျေးရွာ(၁)ရွာတို့ဖြစ်ကြသည်။
အဆိုပါမြို့နယ် (၃)ခုမှ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၉၁၂)ဦးကို အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးနှင့် ပညာရေး၊ အမျိုးသမီးနှင့်သာယာသောအိမ်ထောင်ရေးနှင့် အမျိုးသမီးနှင့် ကျန်းမာရေး စသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။
PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်းအမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်များ၊အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်။
ပြီးခဲ့သည့် မေလအတွင်းလည်း နမ္မတူမြို့နယ်ရှိ ကျေးရွာ (၁)နှင့် သီပေါမြို့နယ်ရှိ ကျေးရွာ (၂)ရွာတို့ရှိ ပြည်သူလူထုစုစုပေါင်း လူဦးရေ(၈၉)ဦးအား အသိပေးပညာပေး ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ