1266

မိုးကုတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှဓါးပြအဖွဲ့ထံ သိမ်းဆီးရမိထားသည့် ပစ္စည်းများကို ပိုင်ရှင်များထံ ပြန် လည်အပ်နှံပေး

ဒေသတွင်းသတင်း / ဒေသတွင်း
17 July 2025

မိုးကုတ်မြို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှဓါးပြအဖွဲ့ထံ သိမ်းဆီးရမိထားသည့် ပစ္စည်းများကိုပိုင်ရှင်များထံ ပြန်လည်အပ်နှံ

မိုးကုတ်၊ ဇူလိုင်လ ၁၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့တွင်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မိုးကုတ်မြို့တွင် သောင်းကြမ်းနေသည့် ဓါးပြအဖွဲ့ထံ သိမ်းဆီးရမိထားသည့်ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်လည်အပ်နှံသည့်အခမ်းအနားပြုလုပ်ခဲ့ပါသည်။

ထိုအခမ်းအနားကို ပြီးခဲ့သည့် ဇူလိုင်လ (၁၃)ရက်တွင်မိုးကုတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးတားပန်ဟိုင်၊ ခရိုင်ရဲမှူးဗိုလ်မှူးတားတိုင်ငါမ်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုများ စုစုပေါင်းလူဦးရေ (၇၀)ဦးတက်ရောက်ခဲ့ပါသည်။

မိုးကုတ်မြို့နယ်အတွင်း သောင်းကြမ်းနေသည့်ဓါးမြအဖွဲ့တို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတို့မှ ပူးပေါင်းပြီးလိုက်လံဖမ်းဆီးမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။ ထိုဖမ်းဆီးမှုဆောင်ရွက်ရာတွင်လည်း ဓါးပြအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့ပါသည်။ 

အဆိုပါ သောင်းကြမ်းနေသည့် ဓါးပြထံတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ လက်စွပ် (၃)ကွင်း၊ ဟန်းချိန် (၂)ကွင်း၊ နားကပ် (၃)စုံ၊ ပတ္တမြား (၃)ခု၊ နီလာနှင့်ဆက်စပ်သည့်ပစ္စည်းများ၊ ကျောက်ထုပ် (၃)ထုပ်၊ကျောက်နှင့်ဆက်စပ်သည့်ပစ္စည်းများ၊ ဆိုင်ကယ် (၂)စီး၊ ဖုန်း (၂)လုံးတို့အပါအဝင် ၎င်းတို့၏ပစ္စည်းကာလတန်ဖိုးသည် ကျပ်သိန်းပေါင်း (၈၀၀)ကျော် ရှိပါသည်။

ထိုပစ္စည်းများသည် မိုးကုတ်မြို့နယ်ရှိ ပြည်သူလူထုများထံဓါးပြအဖွဲ့တို့မှ တိုက်ယူထားသည့် ပစ္စည်းများဖြစ်ကြပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ၎င်းတို့တို့ဖမ်းဆီးပြီး သိမ်းဆီးရမိထားသည့်ပစ္စည်းများကိုလည်း သက်ဆိုင်ရာပိုင်ရှင်များထံ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုးကုတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှဓါးပြအဖွဲ့ထံ သိမ်းဆီးရမိထားသည့် ပစ္စည်းများကို ပိုင်ရှင်များထံ ပြန် လည်အပ်နှံပေး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်