1268

နမ္မတူမြို့တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွား

ဒေသတွင်းသတင်း / ဒေသတွင်း
17 July 2025

နမ္မတူမြို့တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွား

နမ္မတူ၊ ဇူလိုင်လ ၁၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၈)နယ်မြေ၊ နမ္မတူမြို့တွင် ယမန်နေ့ နံနက်အစောပိုင်း (၂း၁၅)နာရီအချိန်၌ နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွားခဲ့သည်။




နမ္မတူမြို့၊ ရပ်ကွက် (၃)တွင် ဦးထွန်းကြာ၏ သားဖြစ်သူသည် စိတ်ကျန်းမာရေးချိုယွင်းသူဖြစ်ပြီး ၎င်းတို့နေအိမ်ကို မီးရှို့လိုက်ခြင်းကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုအိမ်အတွင်းရှိ မီးလောင်သွားသည့် ပစ္စည်းများသည်  ဆိုလာပြား (၁)ခု၊ TV (၁)လုံး၊ ပိုက်ဆံ (၁)သိန်းနှင့် နေအိမ်အတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်ဆုံးရှုံးသွားခဲ့သည်။

အဆိုပါ မီးလောင်နေစဉ် ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား (၂)စီးနှင့်အတူ ပြည်သူလူထုများ ဝိုင်းဝန်းပြီး  (၃း၁၀)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

ပြီးခဲ့သည့် (၁၂)ရက်နေ့လည်း ကွတ်ခိုင်မြို့၊ ရပ်ကွက် (၁)တွင် ဦးခမ်းညွန့်၏ နေအိမ်သည် ဘတ်ထရီကြိုးမှတစ်ဆင့်ရှော့ဖြစ်ကာ နေအိမ်မီးလောင်သွားခဲ့ပြီး အိမ်ရှင်အမျိုးသား၏လက်တွင် မီးလောင်ဒဏ်ရာရရှိသွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့တွင် နေအိမ် (၁)အိမ် မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်