1269

သီပေါမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူအမျိုးသား (၂)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
18 July 2025

သီပေါမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူအမျိုးသား (၂)ဦး ဖမ်းဆီးရမိ

သီပေါ၊ ဇူလိုင်လ ၁၈ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၂)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဥ်တွင် ဇူလိုင်လ (၁၆)ရက် ညနေ (၅း၀၀)နာရီအချိန်၌ တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ  စစ်ဆေးရေးဂိတ်တွင် ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေစဥ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ အမျိုးသား (၂)ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါမူးယစ်ဆေးဝါးရောင်းဝယ်သူသည် အသက် (၆၀)နှစ်အရွယ် ဦးခင်အောင်ဆိုသူဖြစ်ပြီး ၎င်းထံ စိတ်ကြွဆေးပြား (၂၀)ထုပ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထိုနောက်  အသက် (၅၀)နှစ်အရွယ် ဦးသိန်းထွန်းအေးနှင့် အသက် (၂၂)နှစ်အရွယ် မောင်ဇာနည်ဟိန်းတို့ထံ ဘိန်းဖြူဆပ်ပြာခွက် (၁)ခွက်၊ ယာမဆေးပြား (၄၂)ပြားနှင့်အတူ တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဖမ်းဆီးထားသည်။

ပြီးခဲ့သည့်  ဇူလိုင်လ (၈)ရက်နေ့လည်း မိုင်းငေါ့မြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေချိန် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူအမျိုးသား (၂)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်