မန်တုံမြို့တွင် ပျက်စီးနေသည့်လမ်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်ပြီး ကွန်ကရစ်လမ်းအဖြစ် ပြုလုပ်ဆောင်ရွက်ပေး
မန်တုံ၊ ဇူလိုင်လ ၁၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ မန်တုံမြို့၊ မန်တောက်ရပ်ကွက်တွင် PSLF/TNLAမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်ပြီး ပြည်သူလူထုများနှင့်အတူ ပျက်စီးနေသည့်လမ်းကို ကွန်ကရစ်လမ်းအဖြစ် ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါလမ်းသည် မြေသားလမ်းဖြစ်ပြီး မိုးရွာသီတွင် လမ်းများပျက်စီးနေသောကြောင့် ပြည်သူ လူထုများသွားလာရန် အခက်အခဲများကြုံတွေ့ရင်ဆိုင်နေကြရပါသည်။ ထိုကြောင့် PSLF/TNLA မြို့နယ်စည်ပင်သာယာရေအဖွဲ့မှ ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့တွင် ပြည်သူလူထုများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းကြပြီး ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းပြုလုပ်ပြီးစီးခဲ့သည်။၎င်းလမ်းသည် အကျယ် (၆)ပေ၊ အရှည် (၁၂၀)ပေ ရှိပါသည်။
ထိုလမ်းကို ကွန်ကရစ်လမ်းအဖြစ်ခင်းကျင်းပြုပြင်ပြီးနောက်တွင် ပြည်သူလူထုများသည် သွားလာရန် အခက်အခဲမရှိတော့ဘဲ ယခင်ထက်အဆင်ပြေမှုများစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပါသည်။ ၎င်းအပြင် မန်တုံမြို့အတွင်းရှိ လမ်းများကိုလည်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြန်လည်ပြုလုပ်ဆောင်ပေးခဲ့ပါသည်။
ပြီးခဲ့သည် ဇွန်လတွင်လည်း တအာင်းပြည်၊ ကွက်ခိုင်၊နမ္မတူနှင့် သီပေါမြို့နယ်တို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပျက်စီးနေသည့်လမ်းများနှင့် တံတားတို့ကို ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ