ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ
ကွတ်ခိုင်၊ ဇူလိုင်လ ၂၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၅)တွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဥ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၉)ရက် နံနက် (၁၁း၀၀)နာရီအချိန်တွင် အသက် (၆၉)နှစ်အရွယ် ဦးသန်းမြင့်နှင့် မြေးဖြစ်သူ အသက် (၁၀)နှစ်အရွယ် မောင်ရာကူတို့သည် ဖုန်းအားသွင်းရန် သွားနေစဥ် ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်သောကြောင့် အုတ်တံတိုင်းကို ဝင်တိုက်ခဲ့သည်။
ထိုတိမ်းမှောက်မှုကြောင့် ဦးသန်းမြင့်၏ မျက်နှာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မောင်ရာကူ၏ ဒူးနှင့် မျက်နှာတို့တွင် ဒဏ်ရာရရှိသွားခဲ့သည်။ ထိုနေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းတို့ကို ဆေးကုသရန် ပို့ဆောင်ပေးခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်လည်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကားကြားရှိ ရှုခင်းသာတွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ