1283

မော်တောင်းကျေးရွာတွင် ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
26 July 2025

မော်တောင်းကျေးရွာတွင် ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

မူဆယ်၊ ဇူလိုင်လ ၂၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၇)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာတွင် ကားနှင့် ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးအမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် ယမန်နေ့ ဇူလိုင် လ (၂၅)ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်၌ လမ်းကြားမှဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၄၁)နှစ်အရွယ်ဦးမြမောင်သည် ဆိုင်ကယ်အရှိန်ကိုမထိန်းနိုင်၍ လမ်းမကြီးပေါ် ဖြတ်သန်းသွားနေသည့် ကားတစ်စီးကို
ဝင်တိုက်မိခဲ့ပါသည်။

ထိုယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့်အမျိုးသားမှ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါအခင်းဖြစ်ပွားသည့်နေရာကိုလည်း ညီနောင်မဟာမိတ်(၃)ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အမျိုးသားကိုလည်း ဆေးကုသရန်
ပို့ဆောင်ပေးခဲ့ပါသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၉)ရက်နေ့လည်း ကွတ်ခိုင်မြို့၊ ရပ်ကွက် (၅)တွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးနှင့်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မော်တောင်းကျေးရွာတွင် ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်