မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါး၊ အမျိုးသမီး (၁)ဦးသေဆုံး၊ သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါး၊ အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရ
မိုင်းလုံ၊ သြဂုတ်လ ၃၀ရက်
တအာင်းပြည်နယ်
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ မိုင်းလုံမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သီလရှင် (၁)ပါး၊ အမျိုးသမီး (၁)ဦး သေဆုံးခဲ့ရပြီး သံဃာတော် (၂)ပါး၊ သာမဏေ (၃)ပါး၊ အမျိုးသား (၁)ဦးတို့ ထိမှန်ဒဏ်ရာရရှိပါသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ည (၁၀း၃၀)နာရီအချိန်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုင်းလုံမြို့၊ ပန်သပြေကျေးရွာအတွင်း ပေါင် (၂၅၀)ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သီလရှင်၊ သံဃာတော်နှင့် ပြည်သူလူထုများ သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄)အိမ်၊ ကျောင်းဆောင် (၅)ဆောင်နှင့် ဓမ္မာရုံ (၁)ရုံတို့ ထိခိုက်ပျက်စီးသွားခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ (၂၆)ရက်နေ့လည်း မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁)ဦးနှင့် နေအိမ် (၅)အိမ်ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ