တအာင်းပညာရေးထီ၏ (၂၇)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို ဒုတိုင်းတာဝန်ခံ၊ မကွေးတိုင်းပ.လ.ဖ ကိုဝေလင်း (NUG) မှ ဆွတ်ခူးရရှိ
တအာင်းပြည်၊ စက်တင်ဘာလ ၁ရက်
တအာင်းပြည်ပညာရေးကို ရည်ရွယ်၍ဖွင့်လှစ်နေသည့် တအာင်းပညာရေးထီ၏ (၂၇)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုကို ဒုတိုင်းတာဝန်ခံ၊ မကွေးတိုင်းပ.လ.ဖ ကိုဝေလင်း (NUG) မှ ဆွတ်ခူးရရှိသွားခဲ့သည်။
တအာင်းပြည် တအာင်းပညာရေးရန်ပုံငွေအတွက် (၂၇)ကြိမ်မြောက်ထီဖွင့်ပွဲအား တအာင်းပြည်တစ်နေရာတွင် စက်တင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းအချိန်၌ တအာင်းပြည်ပညာရေးကောင်စီ-TLECမှ ဦးဆောင်ဖွင့်လှစ်ခဲ့သည်။
သိန်း (၅၀၀)ဆု၏ ဂဏာန်းသည် အက္ခရာ
(C _ 95934)ဖြစ်ကာ သိန်း (၅၀၀)ဆု၊ သိန်း (၁၀၀)ဆု (၁)ဆု၊ သိန်း (၅၀) ဆု (၁)ဆု၊ သိန်း (၃၀)ဆု (၂)ဆု၊ (၁၀)သိန်းဆု (၅)ဆု၊ (၅)သိန်းဆု (၁၀)ဆု၊ (၂) သိန်းဆု (၅၀)ဆု၊ သိန်း (၅၀၀)ဆု၏ အက္ခရာကွဲ ဂဏာန်းတူဆုများ၊ အက္ခရာတူ နောက်ဆုံးဂဏာန်းလေးလုံးတူဆုများ၊ အက္ခရာတူနောက်ဆုံးဂဏာန်းသုံးလုံးတူဆုများအပြင် သိန်း (၁၀၀)ဆု၏ အက္ခရာကွဲ ဂဏာန်းတူဆုများ ပေးအပ်ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း တအာင်းပညာရေးထီ၏(၂၆)ကြိမ်မြောက် အမြင့်ဆုံး သိန်း(၅၀၀)ဆု (A-81254)ကို နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာက ဒေါ်နန်းအုံမှ ဆွတ်ခူးရရှိခဲ့သည်။
တအာင်းပညာရေးကောင်စီ-TLECသည် ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာ စာသင်ကျောင်းပေါင်း (၆၀၀)ကျော်၊ ကျောင်းသူ/သား (၆၆၀၀၀)ကျော်နှင့် ဆရာ/မ(၃၅၀၀) ကျော်ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်ရန်ကျန်ရှိနေသည့်မြို့နယ်များမှ အခြေခံပညာ စာသင်ကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။
ထိုကြောင့် စာသင်ကျောင်းများလိုအပ်သည့်ရန်ပုံငွေနှင့် ဆရာ/ဆရာမများအတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီရောင်းရသည့်ငွေမှ လစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် တအာင်းပြည်မှ ကလေးငယ်များ၏ ပညာရေးအား အထောက်အပံ့ဖြစ်ရန် တအာင်းပညာရေးထီအား ထိုးပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ