1370

နမ္မတူမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား(၆)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
10 September 2025

နမ္မတူမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား(၆)ဦး ဖမ်းဆီးရမိ

နမ္မတူ၊ စက်တင်ဘာ ၁၀ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၈)နယ်မြေ၊ နမ္မတူမြို့နယ်တွင် ပလောင်ပြည်နယ်လွှတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား(၆)ဦးကို ဖမ်းဆီးရမိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ နမ္မတူမြို့နယ်တွင် မူးယစ်ဆေးဝါးရှောင်တခင်စစ်ဆေး‌နေချိန်တွင် မူးယစ်‌ဆေးဝါးသုံးစွဲသူ အမျိုးသား(၆)ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါအမျိုးသားတို့သည် အသက်(၁၆)နှစ်အရွယ် မောင်မာနော် ၊အသက် (၁၈)နှစ်အရွယ် မောင်ဒေါင်းလေ့၊ အသက် (၁၈) နှစ်အရွယ် မောင်ဆိုင်းဂွမ်း၊ အသက် (၁၈)နှစ်အရွယ် မောင်မြင့်ဦး၊ အသက် (၁၈)နှစ်အရွယ် မောင်အောင်ပွင့်နှင့် အသက် (၃၄)နှစ်အရွယ် ဦးထွန်းကျော်တို့ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂)ရက်တွင်လည်း နမ္မတူမြို့နယ်အတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၄)ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်သွားမည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား(၆)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်