1387

နမ့်ခမ်းမြို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မြို့အဝင်အထွက်ဂိတ်တွင် စစ်ဆေးမှုများပြုလုပ်နေသည့်မြင်ကွင်း

ဒေသတွင်းသတင်း / ဒေသတွင်း
15 September 2025

နမ့်ခမ်းမြို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မြို့အဝင်အထွက်ဂိတ်တွင် စစ်ဆေးမှုများပြုလုပ်နေသည့်မြင်ကွင်း

နမ့်ခမ်း၊ စက်တင်ဘာလ ၁၅ရက်
သတင်းဓါတ်ပုံ

တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းမြို့တွင်  မြို့နယ်ရဲတပ်ဖွဲ့မှ မြို့အဝင်အထွက်ဂိတ်တွင် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေသည့်မြင်ကွင်းဖြစ်ကြပါသည်။

တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့သည် သွားလာဖြတ်သန်းနေသည့် မိဘပြည်သူလူထုများကို မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း ရှိမရှိ စစ်ဆေးခြင်းနှင့် တားမြစ်ထားသည့် ထုတ်ကုန်ပစ္စည်းများကိုလည်း စစ်ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ထိုအပြင် မြို့အတွင်း အေးချမ်းတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးကင်းစင်ရေးနှင့် ခိုးဆိုးလုယှက်မှုမရှိစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့သည် နေ့စဉ် ပြုလုပ်ဆောင်ရွက်လျက်ရှိနေပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန





























Topics: နမ့်ခမ်းမြို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မြို့အဝင်အထွက်ဂိတ်တွင် စစ်ဆေးမှုများပြုလုပ်နေသည့်မြင်ကွင်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်