1388

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၅)အိမ် ထိမှန်ပျက်စီး

ဒေသတွင်းသတင်း / ဒေသတွင်း
16 September 2025

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၅)အိမ် ထိမှန်ပျက်စီး

မိုးကုတ်၊ စက်တင်ဘာ ၁၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁)ဦး ထိမှန်ဒဏ်ရာရရှိပြီး နေအိမ် (၅)အိမ် ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။

ယနေ့နံနက်(၇း၀၈)နာရီအချိန်၌ စစ်ကောင်စီတပ်မှ မိုးကုတ်မြို့‌၊ အုန်းကိုင်းရပ်ကွက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများကို ဦးတည်ပြီးလေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့်  အမျိုးသမီး(၁)ဦးထိမှန်ဒဏ်ရာရရှိပြီး နေအိမ်(၅)အိမ်နှင့် ကား(၁)စီး ဗုံးစထိမှန် ပျက်စီးခဲ့သည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ(၉)ရက်တွင်လည်း ကျောက်မဲမြို့နယ်၊ ‌နမ့်ဟူးတောင်းအုပ်စု လွယ်ခေါ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀)ဗုံး (၃)လုံးနှင့် အသေခံဒရုန်းအသုံးပြုပြီး ဗုံး(၂)လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူများ၏ လယ်ယာစပါးခင်း ထိခိုက်ပျက်စီးသွားခဲ့ပါသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလ(၂)ပတ်အတွင်း လေကြောင်းဖြင့် ကျောက်မဲမြို့တွင်(၃) ကြိမ်၊ သီပေါမြို့နယ်တွင်(၁)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၂)အိမ်  နှင့် စာသင်ကျောင်း(၁)ကျောင်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင် စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန




Topics: မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး(၁)ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၅)အိမ် ထိမှန်ပျက်စီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်