ကျောက်မဲမြို့တွင် အမျိုးသား (၂)ဦးသည် မြေမြှုပ်မိုင်းနင်းမိ၍ ပွဲချင်းပြီးသေဆုံး
ကျောက်မဲ၊ အောက်တိုဘာ ၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့တွင် အမျိုးသား (၂)ဦးသည် မြေမြှုပ်မိုင်းကို နင်းမိခဲ့သောကြောင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ (၂၉)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်၌ ဦးကိုဦးသည် မီးသင်္ဂြိုဟ်ပြီးသောရုပ်အလောင်း၏ပြာများကို အနောက်ဘက်သို့ သွားစွန့်ပစ်ရာမှ မိုင်းတစ်လုံးကို နင်းမိပြီး သေဆုံးသွားခဲ့ပါသည်။
အလားတူ လူငယ်တစ်ဦးလည်း ပြီးခဲ့သည့် စက်တင်ဘာ (၂၉)ရက်နေ့ နေ့လယ်(၂း၀၀)နာရီအချိန်တွင် သုသာန်ကွင်းပြင်တွင် နွားသွားရှာနေစဉ် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်။
အဆိုပါအခင်းနေရာတွင် ပရဟိသလူမှုကူညီရေးအသင်းမှ သွားရောက်သယ်ဆောင်ခဲ့ပြီး ၎င်းအမျိုးသား (၂)ဦးတို့ကို မီးသင်္ဂြိုလ်ရန် ပို့ဆောင်ပေးခဲ့သည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ (၂၁)ရက်နေ့လည်း ကျောက်မဲမြို့တွင် အမျိုးသား(၂)ဦးသည် ဆိုင်ကယ်ဖြင့် အိမ်တွင်ကျန်နေခဲ့သည့် မြေသြဇာများကို သွားယူနေစဉ် လမ်းမပေါ်ရှိ မိုင်းနှင်းမိပြီး သေဆုံးသွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန


မှတ်ချက်များ