1443

စက်တင်ဘာလအတွင်း PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကျေးရွာပေါင်း (၄၄)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့

ဒေသတွင်းသတင်း / ဒေသတွင်း
01 October 2025

စက်တင်ဘာလအတွင်း PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကျေးရွာပေါင်း (၄၄)ရွာကို  ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့


တအာင်းပြည်၊ အောက်တိုဘာ ၁ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် စက်တင်ဘာအတွင်း ကျေးရွာပေါင်း (၄၄)ရွာရှိ ပြည်သူလူထုများထံ အသိပညာပေးမှုများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်။


ထိုအသိပညာပေးမှုကွင်းဆင်းရာတွင် နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၁၁)ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၂၂)ရွာနှင့် နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၁၁)ရွာတို့ကို အသိပညာ‌ပေးမှုများပြုလုပ်ခဲ့သည်။


အဆိုပါမြို့နယ် (၃)ခုမှ ပြည်သူလူထုစုစုပေါင်း လူဦးရေ (၃၅၉၄)ဦးတို့ကို  အမျိုးသမီးနှင့် ပညာရေး၊ အမျိုးသမီးနှင့်  ပျော်ရွင်သောမိသားစု၊ အမျိုးသမီးနှင့် ကျန်းမာရေး၊ စောစီးစွာ အိမ်ထောင်ကျခြင်း၊ အမျိုးသမီးနှင့် အမွေဆက်ခံခြင်း၊ လိင်ပိုင်းဆိုင်ရာအသိပညာ‌ပေး၊ မျိုးဆက်ပွားကျန်းမာ‌ရေးစသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။


PSLF/TNLA၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်း စဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိသည်။


ပြီးခဲ့သည့် သြဂုတ်အတွင်းလည်း နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၃)ရွာ၊ သီပေါမြို့နယ်ရှိ ကျေးရွာ (၁)ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ(၂)ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၁၉)ရွာ၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၁၁)ရွာနှင့် မိုးကုတ်မြို့နယ်ရှိ ကျေးရွာ (၃)ရွာရှိ ပြည်သူလူထုစုစု‌ပေါင်း လူဦးရေ (၁၇၂၀)ဦးတို့ကို အသိပညာ‌ပေးပြုလုပ်‌‌ပေးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: စက်တင်ဘာလအတွင်း PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကျေးရွာပေါင်း (၄၄)ရွာကို ကွင်းဆင်းအသိပညာပေးမှုပြုလုပ်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်