1445

သီပေါမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁)ဦးဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
01 October 2025

သီပေါမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁)ဦးဖမ်းဆီးရမိ


သီပေါ၊ အောက်တိုဘာ ၁ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ (၁)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။


သီ‌ပေါမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ (၂၇)ရက်နေ့ ညနေ (၄း၃၀)နာရီအချိန်၌ မူးယစ်ဆေးဝါး သုံးစွဲသူ အသက် (၅၄)နှစ်အရွယ် ဦးနိုင်ထွန်းကို မြို့နယ်ရဲတပ်ဖွဲ့မှ စစ်‌ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။


အလားတူ ပြီးခဲ့သည့် စက်တင်ဘာ (၂၈)ရက်‌နေ့ ညနေ (၄:၀၀)နာရီအချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၅၈)နှစ်အရွယ် ဦးသိန်းဝင်းထံ ဘိန်းဖြူထည့်ထားသည့် ပလက်စတစ်ဗူး တစ်ဝက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို 

အကျင့်စာရိတ္တပြုပြင်‌ပေးသွား‌မည်ဖြစ်ပါသည်။


ပြီးခဲ့သည့် စက်တင်ဘာ (၇)ရက်နေ့လည်း သီပေါမြို့စစ်ဆေးရေးဂိတ်တွင် ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးကို ဖမ်းဆီးရမိခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန





Topics: သီပေါမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁)ဦးနှင့် သုံးစွဲသူ (၁)ဦးဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်