မိုးကုတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်လှည့်လည်စစ်ဆေးနေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ (၅)ဦး ဖမ်းဆီးရမိ
မိုးကုတ်၊ နိုဝင်ဘာ ၁၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မိုးကုတ်ခရိုင်၊ မိုးကုတ်မြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးနေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ (၅)ဦး ဖမ်းဆီးရမိခဲ့သည်။
တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၁၂)ရက်နေ့တွင် မိုးကုတ်မြို့နယ်အတွင်း ရှောင် တခင်လှည့်လည်စစ်ဆေးနေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ ရွှေဂူရပ်ကွက်နေ ကိုနေမျိုးသူ၊ ကိုဟိန်းထက်ကိုကို အောင်သာယာရပ်ကွက်နေ ကိုရဲမာန်ထက်၊ အောင်နီလာရပ်ကွက်နေ အသက်(၂၀)နှစ်အရွယ် ကိုရဲမင်းနှင့် ညောင်သုံးပင်ရပ်နေ အသက် (၃၅)နှစ်အရွယ် ဦးကျော်ညီညီတို့ထံ ဘိန်းဖြူထည့်ထားသည့် နှစ်ပတ်Grandပြာ အရက်ပုလင်း(၁)ပုလင်း၊ ယာမဆေးပြား(၁၃)ပြားနှင့်သုံးစွဲသည့်သက်သေခံပစ္စည်းများနှင့် အတူဖမ်းဆီးရမိ ခဲ့သည်။
၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ (၅)ရက်နေ့လည်း မိုင်းလုံမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ (၆)ဦး ဖမ်းဆီးရမိခဲ့သည်
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ