1634

မန်တုံမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တာဝန်ရှိသူနှင့် ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ဒေသတွင်းသတင်း
24 November 2025

မန်တုံမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တာဝန်ရှိသူနှင့် ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

နမ့်ဆန်၊ နိုဝင်ဘာလ ၂၄ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မန်တုံမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး PSLF/TNLA၏ တာဝန်ရှိသူနှင့် ပြည်သူလူထုများ တွေ့ဆုံဆွေး နွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ပြီးခဲ့သည့် နိုဝင်ဘာ (၂၂)ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ မြို့နယ်အထွထွေအုပ်ချုပ်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ၊ တရားစီရင်ရေးဌာန၏ လုပ်ငန်းများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပါသည်။

ထိုနောက် ဆွေးနွေးပွဲကိုတက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာဥက္ကဌများနှင့် ပြည်သူလူထုများမှ ၎င်းတို့၏ တွေ့ကြုံခဲ့ရသည့်အခက်အခဲများကို တင်ပြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အစည်းဝေးတွင် ခရိုင်ရဲမှူး ဗိုလ်မှူးတားဂေါင်ငျံရ်၊ ခရိုင်အတွင်းရေးမှူး ဗိုလ်ကြီး မှိူမ်ရံက်၊ တအာင်းတပ်တော် အရံတပ်ဖွဲ့ တပ်ရင်း ၃၃၁ တပ်ရင်းမှူး ဗိုလ်ကြီး ထွန်းအေး၊ မန်တုံမြို့နယ်မှူး ဒုဗိုလ် ကမေဲ;ဒါင်၊ ခရိုင်တရားသူကြီး လွေးပို;ဆပေ၊ ဥပဒေအရာရှိ မိုင်းဆမ်ရုင်း(မာည်းဆာမ်ရုင်)၊ နယ်ထိန်းခေါင်းဆောင် ဒုဗိုလ် သံလွင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာဥက္ကဌများနှင့် ပြည်သူလူထုများအပါအဝင် စုစုပေါင်း လူဦးရေ (၆၀) ကျော် တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၇)ရက်နေ့လည်း နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်၊ တောင်ကျော်ရွာမကျေးရွာတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တအာင်းပြည် ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ တာဝန်ရှိသူနှင့် ပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်