1642

တအာင်းပြည်တွင် အမျိုးသမီးစစ်သည်တော်ကော်မတီမှ ဦးဆောင်၍ နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားများကျင်းပပြုလုပ်

ဒေသတွင်းသတင်း / ဒေသတွင်း
27 November 2025

တအာင်းပြည်တွင် အမျိုးသမီးစစ်သည်တော်ကော်မတီမှ ဦးဆောင်၍ နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားများကျင်းပပြုလုပ်

မန်တုံ၊ နိုဝင်ဘာ ၂၇ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မန်တုံ၊ နမ့်ခမ်း၊ မိုင်းဝီး၊ ကွတ်ခိုင်၊ မိုင်းယု (၁၀၅)မိုင်၊ နမ္မတူ၊ နမ့်ဆန်နှင့် မိုင်းငေါ့မြို့နယ်တွင် အမျိုးသမီးစစ်သည်တော်ကော်မတီမှဦးဆောင်၍ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားများကျင်းပပြုလုပ်ခဲ့ပါသည်။




ထိုအခမ်းအနားတွင် PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးမှ အမျိုးသမီးများသည် နိုင်ငံရေးဦးဆောင်မှုအတွင်းမှာပြောပြော စီးပွားရေးဦးဆောင်မှုအတွင်းမှာပြောပြော ဦးဆောင်မှုနှင့် အခန်းကဏ္ဍအား အမျိုးသမီးများ နေရာရလာရန်အတွက် အကြမ်းဖက်မှုများပပျောက်ရန် အမျိုးသမီးဘဝများအားမြှင့်တင်ရန် အစရှိသည့် ရည်ရွယ်ချက်များ မြှင့်တင်ပြီးမှ ယခုလိုမျိုးအကြမ်းဖက်မှုပပျောက်ရေးနေ့ကို ဆောင်ရွက်ခြင်းဖြစ်သည်။ ကျွန်မတို့တဖြည်းဖြည်း လိုအပ်နေသည့် ပြုပြင်ပြောင်းလဲမှု ကျား/မတန်းတူရေးများအား တဖြည်းဖြည်း တည်ဆောက်မှသာလျင် ကျွန်မတို့သွားမည့် တော်လှန်ရေးပန်းတိုင် အထူးသဖြင့် ကျားမတန်းတူရေး အမျိုးသမီးအပေါ် အကြမ်းဖက်မှုသည် တဖြည်းဖြည်းနှင့် ပပျောက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။




ထိုအပြင် အခမ်းအနားတွင် အမျိုးသမီးစစ်သည်တော်ကော်မတီဝင်များ၊ PSLF/TNLA ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများနှင့် ကျောင်းသူ/သားများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀၀)နီးပါးတက်ရောက်ခဲ့ပါသည်။



ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နိုဝင်ဘာ (၂၅)ရက်နေ့တွင် ကျရောက်ခဲ့သော နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားကို မိုင်းဝီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မိဘပြည်သူလူထုများဖြစ်ကြသည့် လီဆူ၊ ကချင်၊ ရှမ်း၊ တအာင်းလူမျိုးများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀)ဦးကျော် တက်ရောက်ခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် အမျိုးသမီးစစ်သည်တော်ကော်မတီမှ ဦးဆောင်၍ နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားများကျင်းပပြုလုပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်