အောက်တုန်ခန်ကျေးရွာတွင် ကျောက်တင်ထားသည့်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွား
မူဆယ်၊ ဒီဇင်ဘာ ၁၈ရက်
တအာင်းပြည်သတင်း
တအာင်းပြည် နမ့်ခမ်းခရိုင်၊ မူဆယ်မြို့နယ်၊ အောက်တုန်ခန်ကျေးရွာအဝင်တွင် ကျောက်တင်ထားသည့်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားသွားခဲ့သည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၆)ရက်နေ့ ည (၃း၃၀)နာရီအချိန်၌ အောက်တုန်ခန်ကျေးရွာအဝင် လမ်းကွေ့ကုန်းဆင်းရောက်စဥ် တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါကားသည် ကျင်စန်းကျော့မှ မူဆယ်မြို့သို့ ကျောက်တင်သွားမည့်ကားဖြစ်ပြီး ထိုအခင်းဖြစ်ပွားသည့်နေရာကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တာဝန်ရှိသူမှ သွားရောက်စစ်ဆေးခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၄)ရက်နေ့လည်း မူဆယ်မြို့နယ်၊ တုန်ခန်ကျေးရွာအကျော်တွင် မီးသွေးတင်ကားတစ်စီး ဘရိတ်ပေါက်ရာမှ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ