နမ့်ဆန်မြို့တွင် ဝါယာကြိုးရှော့ဖြစ်ရာမှ ကျောင်းဆောင်တစ်ဆောင် မီးလောင်မှုဖြစ်ပွား
နမ့်ဆန်၊ ဇန်နဝါရီလ ၂၃ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့၊ ဇယန်းကြီး ဘုန်းကြီးကျောင်းရှိ ကျောင်းဆောင်တစ်ဆောင်တွင် ဝါယာကြိုးရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားသွားခဲ့သည်။
ဖြစ်စဉ်တွင် ယမန်နေ့ (၂၂)ရက်နေ့ နေ့လယ် (၂း၅၀)နာရီအချိန်တွင် ဦးဝိဇာရ ပရိယတ္တိကျောင်းဆောင်တွင် ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်သွားမှု ဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ကျောင်းဆောင်အတွင်းရှိ ပစ္စည်းများအားလုံး မီးလောင်သွားခဲ့ပြီး ပစ္စည်းဆုံးရှုံးမှု ကာလတန်ဖိုး ကျပ်သိန်း (၆၀၀)ကျော် မီးလောင်ဆုံးရှုံးသွားခဲ့သည်။

ထိုမီးလောင်နေစဥ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မီးသတ်ကား (၅)စီးနှင့် ပြည်သူလူထုများ ဝိုင်းဝန်းပြီး ညနေ (၃း၄၅)နာရီအချိန်တွေ မီးငြိမ်းသတ်နိုင်ခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၁၇)ရက်နေ့လည်း မိုးကုတ်မြို့နယ်၊ ပိန်းပြစ်ကျေးရွာတွင် ထွန်းထားသည့်ဖယောင်တိုင်မီးမှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားသွားခဲ့သည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ