တအာင်းပြည် ကျန်းမာရေးကောင်စီ (THC)၊ သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း (CNHS)၊ ADN Program အပတ်စဉ် (၂) ဝင်ခွင့်နှုတ်ဖြေစာမေးပွဲ ကျောင်းသူ/သား (၃၈)ဦး ဖြေဆိုအောင်မြင်
နမ့်ဆန်၊ ဖေဖော်ဝါရီ ၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) မှ ဦးစီးဖွင့်လှစ်သည့် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း (CNHS) ၏ ADN Program အပတ်စဉ် (၂) ဝင်ခွင့်နှုတ်ဖြေ စာမေးပွဲကို ကျောင်းသူ (၃၃)ဦး၊ ကျောင်းသား (၅)ဦး စုစုပေါင်း (၃၈)ဦး ဖြေဆိုအောင်မြင်ခဲ့ပါသည်။

အဆိုပါ ဝင်ခွင့်နှုတ်ဖြေစာမေးပွဲ အောင်မြင်သည့် ကျောင်းသား/သူများသည် လာမည့် ဖေဖော်ဝါရီ (၂၃) ရက်နေ့တွင် ဖွင့်လှစ်မည့် တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း ADN Program အပတ်စဉ် (၂) ကို စတင်တက်ရောက်သွားမည်ဖြစ်ပါသည်။

ယခု ဖြေဆိုအောင်မြင်သွားသည့် ကျောင်းသူ/သားများသည် နမ့်ဆန်မြိုနယ် (၁၆)ဦး၊ မန်တုံမြိုနယ် (၆)ဦး၊ နမ့်ခမ်းမြိုနယ် (၇)ဦး၊ ကွတ်ခိုင်မြိုနယ် (၂)ဦး၊ သီပေါမြိုနယ် (၁)ဦး၊ မူဆယ်မြိုနယ် (၂)ဦး၊ အင်တောမြိုနယ် (၁)ဦးနှင့် ပင်းတယမြိုနယ် (၃)ဦးတိုဖြစ်ကြသည်။
ထိုကျောင်းသား/သူများသည် ပြီးခဲ့သည့် ဇန်နဝါရီ (၅) ရက်နေ့တွင် ဘာသာရပ် (၂) ခုဖြစ်သည့် အင်္ဂလိပ်စာ နှင့် ဇီဝဗေဒကို ဝင်ရောက်ဖြေဆိုခဲ့ရာမှ ကျောင်းသူ/သား (၄၅) ဦး အောင်မြင်ခဲ့ပြီး၊ ထိုနောက် ဝင်ခွင့်နှုတ်ဖြေစာမေးပွဲကို ထပ်မံဆောင်ရွက်ခဲ့ရာမှ စုစုပေါင်း (၃၈) ဦးသာ နောက်ဆုံးအဆင့် အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။
တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) အနေဖြင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး မြှင့်တင်နိုင်ရန် ရည်ရွယ်၍ တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်ကျောင်း အပတ်စဉ် (၁)ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ ယခုအခါ အပတ်စဉ် (၂) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ထိုကြောင့် ဒေသတွင်း ကျန်းမာရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာ
Telegram (https://t.me/taangtv2023)
မှတ်ချက်များ