မိုင်းငေါ့မြိုတွင် တအာင်းပြည် ကျန်းမာရေးကောင်စီ-THC မှ အသက် (၅)နှစ်အောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေး ထိုးနှံပေး
မိုင်းငေါ့၊ ဖေဖော်ဝါရီ ၁၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြိုတွင် တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) မှ အသက် (၅) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဖေဖော်ဝါရီလ (၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပါသည်။


ထိုးနှံပေးခဲ့သည့် ကာကွယ်ဆေးများမှာ BCG Vaccine (ပြင်းထန် တီဘီရောဂါ ကာကွယ်ဆေး)၊ IPV Vaccine (ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး)၊ Pentavalent Vaccine (ငါးမျိုးစပ် ကာကွယ်ဆေး – ဆုံဆိုနာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ (B ပိုး) နှင့် ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါ)၊ MMR Vaccine (ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ရောဂါများ) နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် Td Vaccine (မေးခိုင်နှင့် ဆုံဆိုနာ ကာကွယ်ဆေး) တို ဖြစ်ကြသည်။

ယင်းကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အတွင်း ကလေးငယ် စုစုပေါင်း (၁၉၉) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၆) ဦးတိုအား ထိုးနှံပေးခဲ့ပြီးဖြစ်ပါသည်။ ကလေးငယ်များ ပုံမှန်ဖွံဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဖွံဖြိုးမှု ကောင်းမွန်စေရန်အတွက် အသက် (၅) နှစ်အောက် ကာကွယ်ဆေး မထိုးရသေးသည့် ကလေးငယ်များကျန်ရှိပါက မိဘများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများသို လာရောက်ထိုးနှံပေးကြရန် တိုက်တွန်းနှိးဆော်အပ်ပါသည်။

လာမည့် မတ်လ (၉) ရက်နေ့တွင်လည်း မိုင်ငေါ့မြိုတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုအပြင် လစဉ်လတိုင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတိုကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။
.jpg)

.jpg)

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းတွင်လည်း တအာင်းပြည် ကျန်းမာရေးကောင်စီ (THC) မှ ကွတ်ခိုင်မြိုတွင် (၃) ရက်တာကာလအတွင်း အသက် (၅) နှစ်အောက် ကလေးငယ် (၁၀၀) ဦးကျော်အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဖြစ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ