1757

နမ့်ခမ်း၊ မူဆယ်နှင့် မိုင်းလုံမြိုနယ်တွင် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးနှင့် သုံးစွဲသူ (၅)ဦး ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
13 February 2026

နမ့်ခမ်း၊ မူဆယ်နှင့် မိုင်းလုံမြိုနယ်တွင် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးနှင့် သုံးစွဲသူ (၅)ဦး ဖမ်းဆီးရမိ 


မိုင်းလုံ၊ ဖေဖော်ဝါရီ ၁၃ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ခမ်း၊ မူဆယ်နှင့် မိုင်းလုံမြိုနယ်တွင် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဥ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၃)ဦးနှင့် သုံးစွဲသူ (၅)ဦး ဖမ်းဆီးရမိခဲ့သည်။ 





ယမန့်နေ့ ဖေဖော်ဝါရီ ၁၂ရက် ညနေ(၇း၃၀)နာရီအချိန်ခန့်တွင် မြိုနယ်ရဲတပ်ဖွဲမှ နမ့်ခမ်းမြိုနယ် လိင်လိုင်ကျေးရွာ၌  မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် ရှောင်တခင်စစ်ဆေးခဲ့ရာ အသက် (၃၆)နှစ် အရွယ် ဦးဝင်ဆောထံမှ ဘိန်းမည်း ထုပ်ကြီး (၄)ထုပ်၊ ထုပ်သေး (၂၂)ထုပ် စုစုပေါင်း အလေးချိန် (၁၄၆၂.၆)ဂရမ်နှင့် အသက် (၆၂)နှစ်အရွယ် ဒေါ်ယီမွှေးထံမှ ဘိန်းဖြူ (၁၂၆.၄)ဂရမ်နှင့် ယာမ (ခေါ်) စိတ်ကြွဆေးပြား (၁၁၃.၆)ဂရမ်တိုနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။


ထိုအပြင် ဖေဖော်ဝါရီ (၁၀) ရက်နေ့ ညနေ (၃း၃၀) နာရီခန့်တွင် မူဆယ်မြိုနယ် ဆူလုံကျေးရွာ၌ ရှောင်တခင် လှည့်လည်စစ်ဆေးနေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်သည့် အသက် (၂၁) နှစ်အရွယ် မောင်ဇော်သံ၊ အသက် (၃၆) နှစ်အရွယ် ဦးရာပါတူးနှင့် အသက် (၅၃) နှစ်အရွယ် ဒေါ်အေးဆာတိုအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတိုထံမှ Oppo ဖုန်း (၂) လုံး၊ ဆိုင်ကယ် (၂) စီးနှင့် ဘိန်းဖြူနှင့် အတူ သိမ်းဆည်းရမိခဲ့သည်။


အလားတူ ဖေဖော်ဝါရီ (၉)ရက် နံနက် (၆)နာရီဝန်းကျင်တွင် မိုင်းလုံမြိုနယ် မြိုနယ်ရဲတပ်ဖွဲမှ ‌ရှောင်တခင် လှည့်လည်စစ်ဆေးနေစဉ် ညောင်တောက်ကျေးရွာအုပ်စု နာဝီကျေးရွာတွင်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၄၄)အရွယ် ဦးအိုက်ဇော်နှင့် ရောင်းဝယ်သူ အသက် (၆၀)အရွယ် ဦးအိုက်တန်တိုအား ဖမ်းဆီးရမိခဲ့သည်။ ၎င်းတိုနှင့်အတူ ပါလာသည့် အမျိုးသားတစ်ဉီးသည် ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း ၎င်းထံမှ ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက်(၃) ခွက် နှင့် စိတ်ကြွဆေးပြား (၁၀၀)ပြားကို သိမ်းဆည်းရမိခဲ့သည်။


ထိုပြင် ဖေဖော်ဝါရီ (၈) ရက်နေ့ ညနေ (၅) နာရီဝန်းကျင်တွင်လည်း ညောင်တောက်ကျေးရွာ၌ မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၄) နှစ်အရွယ် ဦးအိုက်လင်ကို ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။


တအာင်းပြည် ရဲတပ်ဖွဲများအနေဖြင့် ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူ စုစုပေါင်း (၂၄၇၁) ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန



Topics: နမ့်ခမ်း၊ မူဆယ်နှင့် မိုင်းလုံမြိုနယ်တွင် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးနှင့် သုံးစွဲသူ (၅)ဦး ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်