တအာင်းပြည်တွင် ဖွင့်လှစ်မည့် Tealand Medical School (M.B.B.S) အပတ်စဉ် (၁) ဝင်ခွင့်စာမေးပွဲအား လျှောက်ထားသူများအနေဖြင့် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အသိပေးကြေညာချက်
နမ့်ဆန်၊ ဖေဖော်ဝါရီ ၂၇ရက်
တအာင်းပြည်သတင်း
တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်တွင် ဖွင့်လှစ်မည့် “Tealand Medical School” ၏ ဆေးပညာဘွဲ့ Bachelor of Medicine, Bachelor of Surgery (M.B.B.S) အပတ်စဉ် (၁) ဝင်ခွင့်စာမေးပွဲအား လျှောက်ထားသူများအနေဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် စာမေးပွဲဆိုင်ရာ လိုအပ်ချက်များကို အချိန်မီ သိရှိနိုင်စေရန် အသိပေးကြေညာခြင်းဖြစ်ပါသည်။
အဆိုပါ ဝင်ခွင့်လျှောက်လွှာများအား မတ်လ (၁၀) ရက်နေ့ နောက်ဆုံးထား၍ လက်ခံမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ရရှိသူများကို မတ်လ (၂၃) ရက်နေ့တွင် ကြေညာသွားမည်ဖြစ်ပါသည်။ စာမေးပွဲကဒ်များကို ဧပြီလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ထုတ်ပေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို ဧပြီလ (၆) ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ ထို့နောက် နှုတ်ဖြေစာမေးပွဲကို ဧပြီလ (၇) ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကာ ဝင်ခွင့်အောင်စာရင်းကို ဧပြီလ (၂၀) ရက်နေ့တွင် ကြေညာသွားမည်ဖြစ်ပါသည်။ ဆေးကျောင်း ဝင်ခွင့်အောင်မြင်သူများအနေဖြင့် မေလ(၁)ရက်နေ့တွင် ကျောင်းသို့ ရောက်ရှိရမည်ဖြစ်ပြီး မေလ (၄) ရက်နေ့တွင် ဖွင့်လှစ်မည့် ဆေးကျောင်းအား တက်ရောက်ရမည်ဖြစ်ပါသည်။
အဆိုပါ ရေးဖြေ ဖြေဆိုရမည့် ဘာသာရပ်တွင် စုစုပေါင်း (၅)ခုရှိကာ အင်္ဂလိပ်စာ (၁၀၀) မှတ်၊ သင်္ချာ (၃၀) မှတ်၊ ဓာတုဗေဒ (၃၀) မှတ်၊ ရူပဗေဒ (၃၀) မှတ် နှင့် ဇီဝဗေဒ (၄၀) မှတ်တို့ ပါဝင်မည်ဖြစ်ပြီး စုစုပေါင်း ဖြေဆိုချိန် (၃) နာရီ သတ်မှတ်ထားပါသည်။
နှုတ်ဖြေစာမေးပွဲတွင် မေးမြန်းမည့် အကြောင်းအရာများမှာ စိတ်အားထက်သန်မှု၊ ပြောဆိုဆက်သွယ်ဆက်ဆံနိုင်မှု အရည်အချင်းနှင့် ကိုယ်ရည်ကိုယ်သွေးတို့ကို အဓိကထား စစ်ဆေးမည်ဖြစ်ပါသည်။ နှုတ်ဖြေစာမေးပွဲအတွက် ပေးမှတ်စုစုပေါင်း (၅၀) မှတ် သတ်မှတ်ထားပြီး ဖြေဆိုချိန်ကို (၁၅) မိနစ် သတ်မှတ်ထားပါသည်။
Tealand Medical School (M.B.B.S) အပတ်စဉ် (၁) သည် တအာင်းပြည်အတွင်းရှိ ပြည်သူလူထုများအတွက် အရည်အသွေးပြည့်မှီ၍ စိတ်ချလုံခြုံသော ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန် ရည်ရွယ်၍ အရည်အချင်းပြည့်ဝသော ဆေးပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးသွားမည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။
တအာင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် လူငယ်များ၏ ပါဝင်မှုသည် အလွန်အရေးကြီးလျက်ရှိပြီး ယနေ့အချိန်တွင် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အထူးအရေးပါလျက်ရှိပါသည်။ ဒေသခံပြည်သူများအတွက် အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရန် ဆေးပညာရှင်များနှင့် ကျန်းမာရေးဝန်ထမ်းများ အထူးလိုအပ်နေသဖြင့် လူငယ်များအား ပညာသင်ယူကာ မိမိတို့၏ ကျွမ်းကျင်ပညာရပ်များဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်အားဖြည့်ကူညီကြရန် နှိုးဆော်အပ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ