1789

နမ့်ဖတ်ကာမြို့တွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
09 March 2026

နမ့်ဖတ်ကာမြို့တွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

နမ့်ဖတ်ကာ၊ မတ်လ ၉ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ဖတ်ကာမြို့နယ်တွင် အမျိုးသားတစ်ဦးသည် မပေါက်ကွဲရသေးသည့် လက်နက်ကြီးတစ်လုံးအား ကောက်ယူကိုင်တွယ်မိရာမှ  ပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။


ပြီးခဲ့သည့် မတ်လ (၆)ရက်နေ့ နံနက် (၁၁း၃၀)နာရီအချိန်၌ ပန်ဂျရော့ပ်ကျေးရွာတွင်နေထိုင်သည့် အသက် (၃၈)နှစ်အရွယ် ဦးယိုင်ဒဲ့ဆိုသူသည် မီးသွေးဖုတ်သည့်နေရာအနီးတွင် မပေါက်ကွဲရသေးသည့် လက်နက်ကြီး (၂)လုံးတွေ့ရှိပြီး ကောက်ယူကိုင်တွယ်နေစဉ် (၁)လုံး ပေါက်ကွဲသွားခဲ့ခြင်းဖြစ်ပါသည်။

ထိုလက်နက်ကြီးပေါက်ကွဲမှုကြောင့် ဦးယိုင်ဒဲ့ဆိုသူ၏ ညာဘက်ခြေထောက် တစ်ဖက် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါနေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးမှုပြုလုပ်ပြီး ထိခိုက်ဒဏ်ရာရရှိသူကိုလည်း ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၆)ရက်နေ့လည်း သာမဏေတစ်ပါးသည် ပန်ဂျရော့ပ် ဘုန်းကြီးကျောင်းအနီးတွင် လက်ပစ်ဗုံးတစ်လုံးအား ကောက်ယူဆော့မိရာ ပေါက်ကွဲမှုဖြစ်ပြီး ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့ပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဖတ်ကာမြို့တွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်