တအာင်းပြည်တွင် မတ်လအတွင်း တအာင်းပြည်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၂)ဦးနှင့် သုံးစွဲသူ (၃၆)ဦး ဖမ်းဆီးနိုင်ခဲ့
နမ့်ဆန်၊ ဧပြီ ၂ရက်
တအာင်းပြည်သတင်း
တအာင်းပြည်အတွင်း မိုင်းဝီး၊ နမ့်ခမ်းနှင့် မိုင်းငေါ့မြိုနယ်တိုတွင် မတ်လတစ်လအတွင်း တအာင်းပြည်ရဲတပ်ဖွဲမှ မူးယစ်ဆေးဝါး ရောင်းဝယ်သူ (၂)ဦးနှင့် သုံးစွဲသူ (၃၆)ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
မိုင်းဝီးမြိုနယ်တွင် မြိုနယ်ရဲတပ်ဖွဲမှ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်စဉ် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား(၅)တိုကို ဘိန်းဖြူထည့်ထားသည့် ပင်နီစလင် (Penicillin) ဗူးတစ်ဝက်၊ ဖုန်း (၃)လုံးနှင့် မြန်မာငွေ (၂၇၀၀၀၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
နမ့်ခမ်းမြိုနယ်တွင်လည်း မြိုနယ်ရဲတပ်ဖွဲမှ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်စဉ် မူးယစ်ဆေးဝါးသုံးစွဲသည့် အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၃)ဦးတိုကို ဖမ်းဆီးရမိခဲ့သည်။
အလားတူ မိုင်းငေါ့မြိုနယ်တွင် မြိုနယ်ရဲတပ်ဖွဲမှ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်စဉ် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ အမျိုးသမီး (၁)ဦးထံမှ (WY)စာတန်းပါ ယာမစိတ်ကြွဆေးပြား (၂၉၅)လုံးနှင့် အမျိုးသား (၁)ဦးထံမှ (WY)စာတန်းပါ ယာမစိတ်ကြွဆေးပြား (၁၈၀)လုံးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။ ထိုအပြင် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၁၈)တိုကိုလည်း ထပ်မံ ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်သူများအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ အကျင့်စာရိတ္တ ပြုပြင်ပေးခြင်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ လူမှုအသိုင်းအဝိုင်းအတွင်း မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်မှုများ လျော့နည်းစေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် လူမှုဘဝ လုံခြုံတည်ငြိမ်ရေးကို မြှင့်တင်နိုင်ရန် ဖြစ်ပါသည်။ ထိုအပြင် တရားဥပဒေစိုးမိုးမှုကို ခိုင်မာစေရန်နှင့် ပြည်သူလူထုအတွက် ကျန်းမာရေးနှင့် လူမှုဘဝ အရည်အသွေးများ တိုးတက်လာစေရန်ကိုလည်း ရည်ရွယ်ထားပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတငးနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ