1811

တအာင်းပြည်တွင် မတ်လအတွင်း ကားတိမ်းမှောက်မှုနဲ့ ယာဉ်တိုက်မှုကြောင့် အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ

ဒေသတွင်းသတင်း / ဒေသတွင်း
06 April 2026

တအာင်းပြည်တွင် မတ်လအတွင်း ကားတိမ်းမှောက်မှုနဲ့ ယာဉ်တိုက်မှုကြောင့် အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ


နမ့်ဆန်၊ ဧပြီ  ၆ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်တွင် မတ်လတစ်လအတွင်း မူဆယ်မြိုနယ်နှင့် နမ့်ခမ်းမြိုနယ်တိုတွင် ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှု စုစုပေါင်း (၃)ကြိမ် ဖြစ်ပွားခဲ့ရာမှ အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။




မူဆယ်မြိုနယ်၊ မိုင်းယု (၁၀၅) မိုင်အနီးတွင် မတ်လ (၅) ရက်နေ့က ခရီးသည်တင်ယာဉ်တစ်စီး နမ့်ပေါ်တံတားအောက်ရှိ ချောင်းအတွင်း ပြုတ်ကျမှုဖြစ်ပွားခဲ့ရာ ယာဉ်အတွင်း လိုက်ပါလာသူ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။





ထိုအပြင် မတ်လ (၁၉) ရက်နေ့တွင်လည်း နမ့်ခမ်းမြို မီးပွိင့်အနီး၌ ကားတစ်စီး၏ နောက်ဘီး မတော်တဆ ကျွတ်ကျမှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဦးအား ထိမှန်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။





ထိုနောက် မတ်လ (၂၀) ရက်နေ့တွင် မိုင်းယု (၁၀၅) မိုင် အောင်သိရိမင်္ဂလာသုခကျောင်း မုဒ်ဦးအနီး၌ ကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


လစဉ် ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ပြည်သူလူထုအနေဖြင့် လမ်းအသုံးပြုရာတွင် အထူးသတိပြုရန် လိုအပ်ပါသည်။ ယာဉ်မောင်းများအနေဖြင့် အရှိန်မပြင်းစေခြင်း၊ မူးယစ်အာနိသင်ရှိသော အရာများသောက်သုံးပြီး မောင်းနှင်ခြင်း မပြုလုပ်ခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိတိကျကျ လိုက်နာရန် မဖြစ်မနေ လိုအပ်ပါသည်။ ထိုအပြင် မော်တော်ယာဉ်များကို အချိန်မှန် စစ်ဆေးထိန်းသိမ်းခြင်းနှင့် လမ်းအခြေအနေများကို လေ့လာသတိပြု၍ မောင်းနှင်ခြင်းသည်လည်း အရေးကြီးပါသည်။ ယာဉ်အန္တရာယ်များ လျှော့ချနိုင်ရန် လူတိုင်း၏ တာဝန်ယူမှုနှင့် ပူးပေါင်းပါဝင်မှု လိုအပ်ပါသည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV



#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်တွင် မတ်လအတွင်း ကားတိမ်းမှောက်မှုနဲ့ ယာဉ်တိုက်မှုကြောင့် အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်