1816

နမ့်ဆန်မြိုနယ်တွင် ဖြစ်ပွားခဲ့သော သက်ငယ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်သူ အမျိုးသားအား ထောင်ဒဏ် (၁၀) နှစ်နှင့် ငွေဒဏ် ချမှတ်

ဒေသတွင်းသတင်း / ဒေသတွင်း
08 April 2026

နမ့်ဆန်မြိုနယ်တွင် ဖြစ်ပွားခဲ့သော သက်ငယ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်သူ အမျိုးသားအား ထောင်ဒဏ် (၁၀) နှစ်နှင့်  ငွေဒဏ် ချမှတ်


နမ့်ဆန်၊ ဧပြီလ ၈ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြိုနယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော သက်ငယ်အမျိုးသမီး (၁)ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား PSLF/TNLA တရားစီရင်ရေးဌာနမှ ၂၀၂၆ ခုနှစ်တွင် ရာဇသတ်ကြီးပုဒ်မ (၃၇၆) အရ အရေးယူချမှတ်ခဲ့သည်။





ဖြစ်စဉ်အရ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့ ညနေ (၁၉း၀၀) နာရီအချိန်တွင် အသက် (၂၄) နှစ်အရွယ် မိုင်းကျော်ဌေးသည် သူငယ်ချင်း၏ နေအိမ်တွင် အရက်သေစာ သောက်စားပြီး မူးယစ်အခြေအနေဖြင့် ယင်းနေရာတွင် တည်းခိုခဲ့သည်။


ထိုနောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၁၆) ရက်နေ့ နံနက် (၀၂း၃၀) နာရီအချိန်တွင် ဘေးအိမ်ရှိ အသက် (၁၄) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဉီးအား အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်ခဲ့သည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များမှ တာဝန်ရှိသူများထံ တိုင်ကြားခဲ့ပြီးနောက် တအာင်းပြည် မြိုနယ်ရဲတပ်ဖွဲမှ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ပြစ်မှုကျူးလွန်သူအား ချက်ချင်း ဖမ်းဆီးထိန်းသိမ်းကာ တရားရုံးသို တင်သွင်း စစ်ဆေးခဲ့သည်။


အဆိုပါအမှုအား PSLF/TNLA တရားစီရင်ရေးဌာနမှ ၂၀၂၆ ခုနှစ် မတ်လ (၂၇) ရက်နေ့၊ မတ်လ (၃၀) ရက်နေ့နှင့် ဧပြီလ (၃) ရက်နေ့တိုတွင် ရုံးချိန်းများ ဆက်လက် ပြုလုပ်ခဲ့ပြီး နောက်ဆုံးရုံးချိန်းတွင် အမိန့်ချမှတ်ခဲ့သည်။


PSLF/TNLA တရားစီရင်ရေးဌာနမှ စစ်ဆေးဆုံးဖြတ်ပြီးနောက် ပြစ်မှုထင်ရှားကြောင်း အတည်ပြုနိုင်သဖြင့် ပြစ်မှုကျူးလွန်သူအား ရာဇသတ်ကြီးပုဒ်မ (၃၇၆) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ်နှင့် ငွေဒဏ် ချမှတ်ခဲ့သည်။


ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် မိဘပြည်သူများအားလုံး၏ ပူးပေါင်းပါဝင်မှု အရေးကြီးပါသည်။ သံသယရှိပါက ချက်ချင်း အသိပေးတိုင်ကြားကြပါရန် တိုက်တွန်းအပ်ပါသည်။


Website Official 

www.taangland.org

Telegram Official Channel

https://t.me/taangtv2023

YouTube Official 

https://www.youtube.com/@pslftnlanews

Telegram Link – Ta’ang TV

https://t.me/TaangTV


#PSLF/TNLA 

#သတငးနှင့်ပြန်ကြားရေးဌာန



Topics: နမ့်ဆန်မြိုနယ်တွင် ဖြစ်ပွားခဲ့သော သက်ငယ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်သူ အမျိုးသားအား ထောင်ဒဏ် (၁၀) နှစ်နှင့် ငွေဒဏ် ချမှတ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်