1820

မိုင်းလုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ (၂)ဦးထံမှ မူးယစ်‌ဆေးဝါးအများအပြား ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
10 April 2026

မိုင်းလုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ (၂)ဦးထံမှ  မူးယစ်‌ဆေးဝါးအများအပြား ဖမ်းဆီးရမိ


မိုင်းလုံ၊ ဧပြီလ ၁၀ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းလုံမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ (၂)ဦးထံမှ မူးယစ်ဆေးဝါးအများအပြား ဖမ်းဆီးရမိခဲ့သည်။



ဖြစ်စဉ်အရ ၂၀၂၆ ခုနှစ် ဧပြီလ (၅) ရက်နေ့ ည (၉) နာရီအချိန်တွင် မိုင်းလုံမြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေစဉ် အသက် (၂၉) နှစ်အရွယ် ကိုဇာနည်ထံမှ ဘိန်းဖြူ ဆပ်ပြာခွက် (၃၈၆) ခွက်နှင့် အခြားသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ထို့အပြင် မတ်လ (၇) ရက်နေ့ နံနက် (၄း၃၀) နာရီအချိန်တွင် မိုင်းလုံမြို့နယ်၊ တောင်နီအုပ်စု၊ နှာမျောကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေသည်ဟု သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ အသက် (၅၈) နှစ်အရွယ် ဒေါ်ခင်ကြည်ထံမှ ဘိန်းဖြူ ဆပ်ပြာခွက် (၁၄၂) ခွက်၊ အဝါရောင် ပလပ်စတစ်ဖြင့် ထုပ်ပိုးထားသော ယာမဆေးပြား (၁) ထုပ်နှင့် အခြားသက်သေခံပစ္စည်းများကို ထပ်မံဖမ်းဆီးရမိခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ (၂)ဦးအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


ထို့အပြင် ပြီးခဲ့သည့် မတ်လ (၃၁) ရက်နေ့တွင်လည်း နမ့်ခမ်းမြို့နယ်အတွင်း နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ (၇)ဦးကို ဖမ်းဆီးရမိခဲ့သည်။


ထို့ကြောင့် PSLF/TNLA အနေဖြင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ခိုင်မာစေရန်နှင့် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ 


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းလုံမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ (၂)ဦးထံမှ မူးယစ်‌ဆေးဝါးအများအပြား ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်