1823

မိုင်းငေါ့မြို့နယ် ကျောက်ဖြူလေးကျေးရွာတွင် ဖယောင်းတိုင်မီးကြောင့် နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွား

ဒေသတွင်းသတင်း
16 April 2026

မိုင်းငေါ့မြို့နယ် ကျောက်ဖြူလေးကျေးရွာတွင်  ဖယောင်းတိုင်မီးကြောင့် နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွား

မိုင်း‌ငေါ့၊ ဧပြီ ၁၆ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ် ကျောက်ဖြူလေးကျေးရွာတွင် ဖယောင်းတိုင်မီးကြောင့် နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဧပြီလ ၁၂ရက်နေ့ ည (၈း၁၀)နာရီအချိန်တွင် ဒေါ်အေးနု၏ နေအိမ်အတွင်းရှိ ဘုရားစင်ပေါ် ဖယောင်းတိုင်မီးထွန်းထားရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ်ရှိ အတွင်းပစ္စည်းများအားလုံး ပြာကျသွားခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၁၅၀)ကျပ် မီးလောင်ဆုံးရှုံးသွားခဲ့သည်။

မီးလောင်နေစဉ်အတွင်း PSLF/TNLA မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ကြပြီး ည (၈း၄၀) နာရီအချိန်တွင်  မီးကို ထိန်းချုပ်နိုင်ခဲ့သည်။

အလားတူ ပြီးခဲ့သည့် မတ်လ (၈)ရက်နေ့တွင်လည်း ကွတ်ခိုင်ခရိုင် နမ့်ဖတ်ကာမြို့တွင် ဖယောင်းတိုင်မီးထွန်းထားမှတဆင့် နေအိမ်တစ်အိမ်မီးလောင်မှုဖြစ်ပွားရာ အမျိုးသမီး(၂)ဦး မီးလောင်ဒဏ်ရာဖြင့် အသက်ဆုံးရှုံးသွားခဲ့ရသည်။

မိဘပြည်သူလူထုများအနေဖြင့် မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် ပြည်သူတစ်ဦးချင်းစီမှ အသိရှိရှိ၊ သတိရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက နီးစပ်ရာ မီးသတ်တပ်ဖွဲများထံ အမြန်ဆုံးအကြောင်းကြား၍ ပူးပေါင်းကူညီကြရန် လိုအပ်ပါသည်။

လက်ရှိကာလတွင် ခြောက်သွေ့ရာသီဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အထူးသတိပြုရန် လိုအပ်သည်။ အထူးသဖြင့် နေအိမ်ပတ်ဝန်းကျင်တွင် ရေနံဆီ၊ ဓာတ်ဆီ၊ စက္ကူ၊ အဝတ်အစား၊ သစ်၊ ဝါး၊ ဓနိ၊ သက်ကယ် စသည့် မီးလောင်လွယ်သော ပစ္စည်းများကို စနစ်တကျ ထားရှိရမည်ဖြစ်သည်။ ထို့ပြင် မီးအသုံးပြုပြီးပါက သေချာစွာ မီးငြိမ်းစေရန်၊ ဘက်ထရီအိုး/ဆိုလာပြား စစ်ဆေးခြင်း၊ လျှပ်စစ်မီးအသုံးပြုရာတွင် မီးခလုတ်များကို စစ်ဆေးပိတ်ထား ရန်နှင့် ပေါ့ဆမီးမဖြစ်ပွားစေရန် အထူးသတိပြုရမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။

Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV



#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မိုင်းငေါ့မြို့နယ် ကျောက်ဖြူလေးကျေးရွာတွင် ဖယောင်းတိုင်မီးကြောင့် နေအိမ်တစ်အိမ် မီးလောင်မှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်