1826

မန်တုံမြို့တွင် PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လမ်းမများမပျက်စီးစေရန် ရေမြောင်းတူးဖော်ခြင်းများ ဆောင်ရွက်

ဒေသတွင်းသတင်း / ဒေသတွင်း
24 April 2026

မန်တုံမြို့တွင် PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လမ်းမများမပျက်စီးစေရန် ရေမြောင်းတူးဖော်ခြင်းများ ဆောင်ရွက်


မန်တုံ၊ ဧပြီ ၂၄ရက်

တအာင်းပြည်သတင်း


တအာင်းပြည် မန်တုံခရိုင်၊ မန်တုံမြို့တွင် ပြည်သူများ၏ နေ့စဉ်သွားလာရေး ပိုမိုလုံခြုံချောမွေ့စေရန်နှင့် လမ်းမများ မပျက်စီးစေရန် ရည်ရွယ်၍ PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လမ်းဘေးရေမြောင်းများကို စနစ်တကျ တူးဖော်ဖောက်လုပ်ခဲ့သည်။


ယမန်နေ့ ဧပြီလ (၂၂) ရက်နေ့တွင် မန်တုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့မရပ်ကွက်အတွင်းရှိ လမ်းများတွင် မိုးရာသီကာလအတွင်း ရေစီးဆင်းမှု စနစ်တကျ ဖြစ်စေရန်နှင့် လမ်းပျက်စီးမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ လမ်းဘေးရေမြောင်းများကို တူးဖော်ဖောက်လုပ်ခဲ့သည်။ ထို့အပြင် လမ်းဘေးရှိ ခြုံပင်များနှင့် အညစ်အကြေးများကိုလည်း ရှင်းလင်းဆောင်ရွက်ခဲ့သည်။


အလားတူ တအာင်းပြည်အတွင်းရှိ နမ္မတူမြို့နှင့် နမ့်ခမ်းမြို့များတွင်လည်း PSLF/TNLA မြို့နယ် စည်ပင်သာယာရေးအဖွဲ့များ၏ ဦးဆောင်မှုဖြင့် မြို့တွင်း လမ်းမကြီးများနှင့် ရပ်ကွက်လမ်းများတွင် ပျက်စီးနေသော လမ်းများကို ပြုပြင်ခြင်း၊ ရေမြောင်းများ ဖောက်လုပ်ခြင်းနှင့် လမ်းဘေးရှိ မြက်ပင်များ၊ ခြုံပင်များကို ရှင်းလင်းခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။


PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြည်သူလူထု၏ သွားလာရေးကို ပိုမိုချောမွေ့စေရန်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိနေပါသည်။


#PSLF/TNLA

#သတငးနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြို့တွင် PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လမ်းမများမပျက်စီးစေရန် ရေမြောင်းတူးဖော်ခြင်းများ ဆောင်ရွက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်