1836

ကွန်လုံကျေးရွာတွင် ကလေးငယ်တစ်ဦး စီးနှင်လာသည့်စက်ဘီးနှင့် လယ်ထွန်စက် တိုက်မိရာမှ ကလေးငယ်သေဆုံး

ဒေသတွင်းသတင်း / ဒေသတွင်း
29 April 2026

ကွန်လုံကျေးရွာတွင် ကလေးငယ်တစ်ဦး စီးနှင်လာသည့်စက်ဘီးနှင့် လယ်ထွန်စက် တိုက်မိရာမှ  ကလေးငယ်သေဆုံး

နမ့်ခမ်း၊ ဧပြီလ ၂၉ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေးရွာတွင် နေအိမ်မှ စက်ဘီးစီးထွက်လာသည့်  ကလေးငယ်တစ်ဦးနှင့်  လယ်ထွန်စက် ဝင်တိုက်ရာမှ ကလေးငယ်သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်တွင် ပြီးခဲ့သည့် ဧပြီလ (၂၃)ရက်နေ့ ညနေ (၄း၃၀)နာရီအချိန်၌ အသက် (၆)နှစ်အရွယ် စိုင်းနော်ဝမ်းလိုင်သည် နေအိမ်မှ စက်ဘီးစီးပြီး ထွက်လာသည့်အချိန်နှင့် လမ်းမအတွင်း ဦးအိုက်ချစ် မောင်းနှင်လာသည့် လယ်ထွန်စက်တို့  မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ပွားမှုကြောင့် စိုင်းနော်ဝမ်းလိုင်၏ ဦးခေါင်း၊ မျက်နှာနှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဆေးကုသခံယူနေသည့်အချိန်တွင် သေဆုံးသွားခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ လယ်ထွန်စက် မောင်းနှင်သည့် ဦးအိုက်ချစ်သည် ထိုကလေးငယ်၏ နာရေးအတွက် ကုန်ကျစရိတ်များ တာဝန်ယူသွားမည်ဟု လက်မှတ်နှင့်အတူ ရေးထိုးပြီး ကြေအေးခဲ့ပါသည်။

ပြီးခဲ့သည့် ဧပြီလ (၂၃)ရက်နေ့လည်း နမ့်ဆန်မြို့နယ်၊ ဟိုလတ်ကျေးရွာအနီးတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: ကွန်လုံကျေးရွာတွင် ကလေးငယ်တစ်ဦး စီးနှင်လာသည့်စက်ဘီးနှင့် လယ်ထွန်စက် တိုက်မိရာမှ ကလေးငယ်သေဆုံး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်