တအာင်းပညာရေးရန်ပုံငွေထီ (၃၅)ကြိမ်မြောက်တွင် သိန်း(၅၀၀)အမြင့်ဆုံးဆု ပေါက်သူမရှိသောကြောင့် ဒုတိယအမြင့်ဆုံးဆု သိန်း(၃၀၀)ဆုကို မိုင်းငေါ့မှ လွေးနန္ဒာထွန်း ဆွတ်ခူးရရှိ
နမ့်ဆန်၊ မေ ၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်ပညာရေးကို ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းပညာရေးရန်ပုံငွေထီ၏ (၃၅) ကြိမ်မြောက် အမြင့်ဆုံး သိန်း(၅၀၀)ဆုအား ပေါက်သူမရှိသောကြောင့် ဒုတိယအများဆုံးဆုဖြစ်သည့် သိန်း(၃၀၀)ဆုကို မိုင်းငေါ့မြို့နယ်တွင် နေထိုင်သည့် လွေးနန္ဒာထွန်းမှ ဆွတ်ခူး ရရှိသွားခဲ့သည်။
တအာင်းပြည် တအာင်းပညာရေးရန်ပုံငွေအတွက် (၃၅)ကြိမ်မြောက်ထီဖွင့်ပွဲအား တအာင်းပြည်၊ နမ့်ဆန်မြို့တွင် မေလ (၁)ရက်နေ့ နံနက်ပိုင်းအချိန်၌ တအာင်းပြည်ပညာရေး ရန်ပုံငွေထီရုံးမှ ဦးဆောင် ဖွင့်လှစ်ခဲ့သည်။
သိန်း (၅၀၀)ဆု၏ ဂဏန်းသည် အက္ခရာ (B-43240)ဖြစ်ပြီး၊ သိန်း (၃၀၀)ဆု (၁)ဆု အက္ခရာ (A-83028)၊ (၁၀)သိန်းဆု (၂)ဆု၊ (၅)သိန်းဆု (၂)ဆု၊ (၂) သိန်းဆု (၁၀)ဆု၊ သိန်း (၅၀၀)ဆု၏ အက္ခရာကွဲ ဂဏန်းတူ ဆုများ၊ အက္ခရာတူ နောက်ဆုံးဂဏန်းလေးလုံးတူဆုများ၊ အက္ခရာတူ နောက်ဆုံး ဂဏန်းသုံး လုံးတူဆုများအပြင် (၂)သိန်းဆု၏ အက္ခရာကွဲ ဂဏန်း (၅)လုံးတူဆုကို (၃၀၀၀၀)ကျပ် ပေးအပ်ခဲ့သည်။
ထိုအပြင် ထီကိုယ်စားလှယ်များကိုလည်း ပေါက်ဆုများ၏ (၂)ရာခိုင်နှုန်းကို ဆုချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါ ဆုချီးမြှင့်သွားသည့် (၂)ရာခိုင်နှုန်းသည် ဆုငွေမှ ဖြတ်ယူသွားမည်မဟုတ်ဘဲ ထီရုံးအဖွဲမှ သီးသန့်ဆုချီးမြှင့်ပေးသွာမည် ဖြစ်သည်။
ပြီးခဲ့သည့် မတ်လတွင်လည်း တအာင်းပညာရေးထီ၏ (၃၄)ကြိမ်မြောက် အက္ခရာ (A-01409) အမြင့်ဆုံး သိန်း (၅၀၀)ဆုကို နမ့်ခမ်းမြို့နယ်တွင်နေထိုင်သည့် မိုင်းရံင်ခြိူဝ်း မှ ဆွတ်ခူးရရှိသွားခဲ့သည်။
တအာင်းပြည်ပညာရေးကောင်စီ -TLECသည် ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အခြေခံပညာစာသင် ကျောင်းပေါင်း (၅၁၁)၊ ကျောင်းသူ/သား (၅၃၆၅၃)ဦးနှင့် ဆရာ/မ (၂၈၇၅) ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခု ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်ရန်ကျန်ရှိနေသည့် မြို့နယ်များမှ အခြေခံပညာစာသင်ကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။
ထိုကြောင့် စာသင်ကျောင်းများလိုအပ်သည့် ရန်ပုံငွေနှင့် ဆရာ/ဆရာမများအတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီရောင်းရသည့် ငွေမှလစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်နယ် အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် တအာင်းပြည်မှ ကလေးငယ်များ၏ ပညာရေးအား အထောက်အပံ့ဖြစ်ရန် တအာင်းပညာရေးထီအား ထိုးပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ