PSLF/TNLA ၏ အပတ်စဉ် (၃) နိုင်ငံရေးသိပ္ပံကျောင်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ပြီးစီး
နမ့်ဆန်၊ မေ ၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် PSLF/TNLA က ဖွင့်လှစ်သည့် နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် (၃)ကို ပြီးခဲ့သည့် မေလ (၁)ရက်နေ့ နံနက် (၁၀း၀၀)နာရီမှ မွန်းတည့် (၁၂း၀၀)ထိ ကျင်းပပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားသို့ PSLF/TNLA ၏ အထွေထွေအတွင်းရေးမှူ ဗိုလ်ချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပန်လ၊ ဗိုလ်မှူးကြီး တားမိုးဟိန်း၊ ပါမောက္ခ ဒေါက်တာဟောည်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုများ စုစုပေါင်း လူဦးရေ (၂၀၀)ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ဗိုလ်ချုပ် တားဘုန်းကျော်မှ "ဒီကျောင်းဟာ ကျွန်တော်တို့ ရည်ရွယ်ထားသည့်အတိုင်း ဖြစ်လာဖို့ရန်နှင့် ကျွန်တော်အတွက် အင်အားဖြစ်လာစေဖို့ရန် အလုပ်လုပ်ကြရမည် ဖြစ်ပါသည်"ဟု အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
နိုင်ငံရေးသိပ္ပံကျောင်းကို တက်ရောက်သည့် ကျောင်းသား/သူများ၏ အတန်းပညာ သတ်မှတ်ချက်အနေဖြင့် ပညာရေးစနစ်ဟောင်းဖြစ်ပါက တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူနှင့် ပညာရေးစနစ်သစ်ဖြစ်ပါက Grade (၁၂)အထိ အောင်မြင်ပြီးသူများ ဖြစ်ကြသည်။ နိုင်ငံရေးသိပ္ပံကျောင်းတွင် ကျောင်းသူ (၈)ဦးနှင့် ကျောင်းသား (၁၈)ဦး စုစုပေါင်း လူဦးရေ (၂၆) ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး သင်ကြားရေးကာလက (၃) နှစ်တိတိ ကြာမြင့်မည်ဖြစ်ပါသည်။
အဆိုပါ (၃)နှစ်ကာလအတွင်းတွင် အဓိကသင်ကြားပေးမည့် ဘာသာရပ်များမှာ English၊ Capacity Building Subjects၊ Human Rights Based Subjects၊ Basic Political Subjects၊ Political Economy နှင့် Advanced Political Subjects တို့သင်ကြားသွားမည် ဖြစ်ပါသည်။
ထိုကျောင်းဖွင့်ပွဲတွင် ဗိုလ်မှူးကြီး တားပန်လမှ "ကျွန်တော်တို့က လိုအပ်ချက်များ ရှိနေသေးသောကြောင့် ကျောင်းသား/သူတို့ကို အားကိုးအားထားပြုရမည်ဖြစ်ပြီး ထို့ကြောင့် ဤလုပ်ငန်းကို အောင်မြင်ပြည့်စုံအောင် ဝိုင်းဝန်းကြိုးစားပေးကြပါရန်နှင့် အဓိကတော့ ကျောင်းတက်နေသည့်အချိန်တွင် ပညာရပ်များကို အလေးအနက် သင်ယူလေ့လာကြဖို့ရန် တိုက်တွန်းခဲ့ပါသည်။ ထိုကျောင်းပြီးသွားပါက ပညာစုံမှသာ အနာဂါတ်ဟာ အလုပ်အကိုင်များကို ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်နိုင်မှာဖြစ်ပြီး အားလုံးကို အားကိုးထိုက်တဲ့သူများ ဖြစ်လာမှာပါစေ"ဟု အပိတ်အမှာစကား ပြောကြားခဲ့ပါသည်။
ဤကျောင်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်သည် နိုင်ငံရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍနှင့် PSLF/TNLA ၏ ဌာနဆိုင်ရာကဏ္ဍများတွင် ဦးဆောင်နိုင်သူများ ပိုမိုထွက်လာစေရန်၊ တအာင်းတမျိုးသားလုံးနှင့် PSLF/TNLA တွင် နိုင်ငံရေးဆိုင်ရာဦးဆောင်နိုင်သူများ၊ လုပ်ငန်းပိုင်းဆိုင်ရာဦးဆောင်နိုင်သူများနှင့် ကဏ္ဍပေါင်းစုံတွင် ဦးဆောင်သူများ ထွက်ပေါ်လာစေရန်နှင့် အဖွဲအစည်းအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များအား နိုင်ငံရေးဆိုင်ရာအတွေးအခေါ်များ၊ တော်လှန်ရေးဆိုင်ရာအတွေးအခေါ်များ၊ လုပ်ငန်းပိုင်းဆိုင်ရာအတွေးအခေါ်များ မြှင့်တင်ပေးသောအားဖြင့် ထိုကျောင်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတင်းနှင့်ပြန်ကြာရေးဌာန
မှတ်ချက်များ