1863

မန်တုံမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် သုံးစွဲသူ (၁)ဦး ထပ်မံဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
09 May 2026

မန်တုံမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် သုံးစွဲသူ (၁)ဦး ထပ်မံဖမ်းဆီးရမိ

မန်တုံ၊ မေ ၉ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ မန်တုံခရိုင်၊ မန်တုံမြို့နယ်၊ စေကော်နှင့် ပန်ခါးလေးကျေးရွာတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီးအပါအဝင် (၂)ဦးနှင့် သုံးစွဲသူ (၁)ဦး ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။


မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်နေ့၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၅၆)နှစ်အရွယ် ဒေါ်ယေနုနှင့် အသက် (၂၉)နှစ်အရွယ် ဦးအောင်ခိုင်ထံမ စိတ်ကြွဆေးပြား (၅၉၀)ပြား၊ ဘိန်းဖြူထည့်သောဆပ်ပြာခွက် (၁)ခွက်တို့ကို ဖမ်းဆီရမိခဲ့သည်။


ထို့အပြင် ပန်ခါးလေကျေးရွာလည်း ပြီးခဲ့သည့် ဧပြီလ (၂၃)ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးနေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၅၀)နှစ်အရွယ် ဦးအမင်းထံမှ စိတ်ကြွဆေးပြား (၅၇)ပြား၊ ဘိန်းဖြူ (၁.၁)ဂရမ်နှင့် အခြားသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကိုလည်း အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဖြစ်သည်။

အလားတူ တအာင်းပြည်ရဲတပ်ဖွဲ့သည် နမ့်ခမ်းနှင့် မိုင်းဝီမြို့နယ်အတွင်း  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ (၁၆)ဦး ဖမ်းဆီးနိုင်ခဲ့ပါသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုများ ပပျောက်စေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတို့ကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂)ဦးနှင့် သုံးစွဲသူ (၁)ဦး ထပ်မံဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်