1895

နမ္မတူနှင့် မန်တုံမြို့တွင် အသက်(၅)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပြီးစီး

ဒေသတွင်းသတင်း / ဒေသတွင်း
28 May 2026

နမ္မတူနှင့် မန်တုံမြို့တွင် အသက်(၅)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပြီးစီး


နမ္မတူ၊ မေလ ၂၈ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ မန်တုံခရိုင်၊ နမ္မတူနှင့် မန်တုံမြို့နယ်တို့တွင် တအာင်းကျန်းမာရေးအဖွဲ့အစည်း (Ta'ang Health Organization - THO) နှင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'ang Land Health Council - THC) တို့ ပူးပေါင်း၍ အသက် (၅) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။


 

နမ္မတူမြို့နယ်တွင် ပြီးခဲ့သည့် မေလ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့အထိ နမ္မတူပြည်သူ့ဆေးရုံ၌ ကလေးငယ် စုစုပေါင်း (၈၈၉) ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် (၅) ဦးကိုလည်း လိုအပ်သည့် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။


 

အလားတူ မန်တုံမြို့နယ်တွင်လည်း မန်တုံမြို့ဆေးရုံကြီး၌ မေလ (၂၄) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကလေးငယ် (၄၈၉) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၈) ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

 

အဆိုပါ ထိုးနှံပေးခဲ့သည့် ကာကွယ်ဆေးများမှာ BCG (တီဘီရောဂါကာကွယ်ဆေး)၊ IPV (ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး)၊ Penta (ငါးမျိုးစပ်ကာကွယ်ဆေး)၊ MMR (ဝက်သက်၊ ပါးချိတ်ရောင်နှင့် ဂျာမန်ဝက်သက် ကာကွယ်ဆေး)၊ JE (ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး) နှင့် Td (မေးခိုင်နှင့် ဆုံဆို့နာ ကာကွယ်ဆေး) တို့ဖြစ်ကြသည်။

 

ထို့ပြင် ယင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ကလေးငယ်များ၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ကာ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ကူးစက်ရောဂါများမှ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ  တိုက်တွန်းနှိုးဆော်ထားပါသည်။

 

တအာင်းကျန်းမာရေးအဖွဲအစည်း (Ta'ang Health Organization-THO)နှင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'ang Land Health Council-THC)တိုသည် ယခုချိန်လည်း နမ့်ဆန်မြိုနယ်တွင် အသက် (၁၀)နှစ်အောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


Facebook Official  - Ta’ang Land News-Burmese Version

https://www.facebook.com/profile.php?id=61587414122969

 

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူနှင့် မန်တုံမြို့တွင် အသက်(၅)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်