1910

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မေလအတွင်း ကျေးရွာပေါင်း (၁၃) ရွာတွင် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဒေသတွင်းသတင်း / ဒေသတွင်း
02 June 2026

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မေလအတွင်း ကျေးရွာပေါင်း (၁၃) ရွာတွင် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

နမ့်ဆန်၊ ဇွန်လ ၂ ရက်
တအာင်းပြည်သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် မေလအတွင်း တအာင်းပြည်ရှိ ကျေးရွာပေါင်း (၁၃) ရွာမှ ပြည်သူလူထုများထံ ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။




အဆိုပါ ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၁) ရွာ၊ သီပေါမြို့နယ်ရှိ ကျေးရွာ (၁) ရွာ၊ နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ (၃) ရွာနှင့် နမ္မတူမြို့နယ်ရှိ ကျေးရွာ (၈) ရွာတို့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။




ယင်းမြို့နယ် (၄) ခုရှိ ပြည်သူလူထု စုစုပေါင်း (၆၈၅) ဦးအား အမျိုးသမီးနှင့် ပျော်ရွှင်သောမိသားစု၊ အမျိုးသမီးအခွင့်အရေး၊ အိမ်တွင်းအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် ကျား/မ တန်းတူညီမျှရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။




PSLF/TNLA ၏ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများ၏ အခြေခံလူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်နိုင်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျှော့ချနိုင်ရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် လူထုအသိပညာပေး စည်းရုံးရေးလုပ်ငန်းများအပြင် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မိုင်းဝီးမြို့နယ်ရှိ ကျေးရွာ (၂၂) ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ (၄) ရွာ၊ သီပေါမြို့နယ်ရှိ ကျေးရွာ (၁) ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၈) ရွာနှင့် ကျောက်မဲမြို့နယ်ရှိ ကျေးရွာ (၂) ရွာတို့တွင် ပြည်သူလူထု စုစုပေါင်း (၁၆၂၆) ဦးအား အသိပညာပေး ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

အမျိုးသမီးများ၏ အခွင့်အရေးများ ပိုမိုသိရှိနားလည်လာစေရေးနှင့် အိမ်တွင်းအကြမ်းဖက်မှုများ လျော့နည်းပပျောက်စေရေးအတွက် လူထုအသိပညာပေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

Facebook Official  - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ မေလအတွင်း ကျေးရွာပေါင်း (၁၃) ရွာတွင် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်