တအာင်းပြည်တွင် မေလအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၅)ဦးနှင့် သုံးစွဲသူ (၁၆)ဦး ဖမ်းဆီးနိုင်ခဲ့
နမ့်ဆန်၊ ဇွန် ၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်နှင့် နမ့်ဆန်ခရိုင်အတွင်းရှိ မြို့နယ်များတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၁)ဦးနှင့် သုံးစွဲသူ (၁၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်။
နမ့်ခမ်းမြို့တွင် ပြီးခဲ့သည့် မေလ (၂)ရက်နေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၄၀)နှစ်အရွယ် ဦးမောကျိုက်ဖေ့၊ အသက် (၃၂)နှစ်အရွယ် ဦးအာကိုင်နှင့် အသက် (၃၀)နှစ်အရွယ် ဦးဇော်မျိုးထွန်းတို့ကို ဖမ်းဆီးရမိထားသည်။
ထို့နောက် မေလ (၃)ရက်နေ့လည်း မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၅၅)နှစ်အရွယ် ဦးဝင်းမြင့်၊ အသက် (၆၀)နှစ်အရွယ် ဦးအိုက်ဆမ်၊ အသက် (၄၇)နှစ်အရွယ် ဦးအိုက်ကျွဲ၊ အသက် (၃၂)နှစ်အရွယ် ဦးအိုက်ယေအောင်ဆာနှင့် အသက် (၃၃)နှစ်အရွယ် ဦးအိုက်လန်မိုတို့ကို မူးယစ်ဆေးဝါးသုံးစွဲသည့် သက်သေခံပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အလားတူ မိုင်းဝီးမြို့နယ်၊ မန်ကောင်းကျေးရွာအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် မေလ (၁)ရက်နေ့၌ သွားရောက်စစ်းဆေးခဲ့ရာ အသက် (၂၈)နှစ်အရွယ် ဒေါ်အိုင်မိုးဦး၊ အသက် ( ၂၅)နှစ်အရွယ် မောင်အလုပ်နှင့် အသက် (၅၂)နှစ်အရွယ် ဦးငိုဆီတို့ထံ စိတ်ကြွဆေးပြား (၃၁)ထုပ်၊ ဗူးအတွင်း ထည့်ထားသည့် စိတ်ကြွဆေးပြား (၁)ဗူး၊ ဘိန်းဖြူထည့်ထားသည့် ဗူး (၃)ဗူးနှင့်အတူ ဖမ်းဆီရမိခဲ့သည်။
ပြီးခဲ့သည့် မေလ (၂၆) ရက်နေ့လည်း နမ့်ဆန်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၄၃) နှစ်အရွယ် ဦးဇော်လွန်၊ အသက် (၅၄) နှစ်အရွယ် ဦးသန်းဖေ၊ အသက် (၅၄) နှစ်အရွယ် ဦးနေထွန်း၊ အသက် (၃၆)နှစ်အရွယ် ဦးမောင်သန်း၊ အသက် (၂၀)နှစ်အရွယ် ကိုဟိန်းမင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၅၄) နှစ်အရွယ် ဦးနိုင်မင်းကို ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ ၀.၃ ဂရမ်ရှိသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြား (၁၃)ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် မိုင်းလုံမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၀)ကိုစိုင်းကျော်ဇာနှင့် အသက် (၂၀)နှစ် ကိုအိုက်စိုင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၄၉) နှစ်အရွယ် ဦးအိုက်သန်းတို့ထံ ယာမစိတ်ကြွဆေးပြား (၁၁) ထုပ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ကျောက်မဲမြို့နယ်လည်း မေလ (၃၁)ရက်နေ့တွင် ဟူးကွတ်ကျေးရွာ၌ မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၆) နှစ်အရွယ် ဦးအောင်မြတ်ကို ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီလအတွင်းလည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၇)ဦးနှင့် သုံးစွဲသူ (၁၅)ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကိုလည်း အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ