1942

နမ့်ဆန်မြို့နယ်တွင် ဇနီးမောင်နှံအငြင်းပွားမှုအား ဝင်ရောက်တားဆီးသူ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား

ဒေသတွင်းသတင်း
16 June 2026

နမ့်ဆန်မြို့နယ်တွင် ဇနီးမောင်နှံအငြင်းပွားမှုအား ဝင်ရောက်တားဆီးသူ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား

နမ့်ဆန်၊ ဇွန်လ ၁၆ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ ဟဲခမ်းကျေးရွာတွင် ဇနီးမောင်နှံအကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို ဝင်ရောက်ဖျန်ဖြေတားဆီးရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇွန်လ (၁၃) ရက်နေ့ ည (၁၀:၃၀) နာရီခန့်က ဦးဝေယံလင်းထွန်းနှင့် ဇနီးဖြစ်သူတို့ စကားများရန်ဖြစ်နေစဉ် ဇနီးဖြစ်သူ၏ ဖခင် ဦးလှမျိုးက ဝင်ရောက်တားဆီးဖျန်ဖြေပေးခဲ့ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ တားဆီးနေစဉ် သားမက်ဖြစ်သူ ဦးဝေယံလင်းထွန်းက ဆေးလိပ်ပြာခွက်နှင့် ထိုင်ခုံတို့ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးလှမျိုးမှာ ဦးခေါင်းနှင့် မျက်နှာတို့တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာရရှိသူအား ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုနှင့် သွေးထွက်လွန်မှုတို့ကြောင့် သေဆုံးသွားခဲ့သည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ ထိုအမျိုးသားသည် နေအိမ်အတွင်းမှ ထွက်ပြေးသိမ်းရှောင်သွားသဖြင့် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့များက ၎င်းကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းရှာဖွေမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ပြီးခဲ့သည့် မေလ (၂) ရက်နေ့တွင်လည်း ပန်းရံအလုပ်လုပ်နေသည့် အမျိုးသား (၃)ဦးသည် အရက်သေစာသောက်စားပြီးနောက် စကားများရန်ဖြစ်မှုကို ဝင်ရောက်တားဆီးခဲ့သူ အမျိုးသားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

Facebook Official  - Ta’ang Land News-Burmese Version
https://www.facebook.com/profile.php?id=61587414122969

#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့နယ်တွင် ဇနီးမောင်နှံအငြင်းပွားမှုအား ဝင်ရောက်တားဆီးသူ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်