နမ့်ခမ်းမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၅) ဦးကို တအာင်းပြည်ရဲတပ်ဖွဲ့ ဖမ်းဆီး
နမ့်ဆန်၊ ဇူလိုင် ၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နမ့်မကျေးရွာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရှောင်တခင်စစ်ဆေးမှုအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၅) ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်နေ့တွင် နမ့်မကျေးရွာအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် အသက် (၃၁) နှစ်အရွယ် ဦးအိုက်နေ၊ အသက် (၃၂) နှစ်အရွယ် ဦးကျော်ဝင်း၊ အသက် (၃၁) နှစ်အရွယ် ဦးလုမ်နူ၊ အသက် (၆၄) နှစ်အရွယ် ဦးကြိုလှိုင်နှင့် အသက် (၅၀) နှစ်အရွယ် ဦးအိုက်ပီတို့ကို မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၅) ဦးအား PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မူးယစ်ဆေးဝါးအသုံးပြုမှုနှင့် ရောင်းဝယ်ဖြန့်ဖြူးမှုများ ပပျောက်စေရန်၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိ
မ်းနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတိုကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ