2006

မန်တုံနှင့် မိုင်းဝီးမြို့နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထုများကို တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ

ဒေသတွင်းသတင်း / ဒေသတွင်း
15 July 2026

မန်တုံနှင့် မိုင်းဝီးမြို့နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထုများကို တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ


နမ့်ဆန်၊ ဇူလိုင် ၁၅ ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ မန်တုံနှင့် မိုင်းဝီးမြို့နယ်တို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်နိုင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာတိုးမြှင့်နိုင်ရေးကို ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။


 

ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မူးယစ်ဆေးဝါးပြဿနာသည် တအာင်းပြည်၏ လူသားအရင်းအမြစ်များကို ထိခိုက်စေရုံသာမက အမျိုးသားလုံခြုံရေးကိုပါ ခြိမ်းခြောက်လျက်ရှိသည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် တိုက်ဖျက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသိပညာပေးခဲ့သည်။ ထို့ပြင် ခေတ်မီစိတ်ပြောင်းဆေးဝါးများ ဝင်ရောက်ပျံ့နှံ့မှုကို တားဆီးနိုင်ရေးအတွက် နယ်စပ်ဂိတ်များနှင့် အဓိကလမ်းကြောင်းများတွင် ပူးပေါင်းစစ်ဆေးခြင်း၊ တားဆီးနှိမ်နင်းခြင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေစည်းမျဉ်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့သည်။


 

မန်တုံမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ မန်တုံခရိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ ဒုဗိုလ်မှူးကြီး တားဂေါင်ငါး၊ ခရိုင်မှူး ဗိုလ်မှူး တားဂူရဲင်၊ ခရိုင်ရဲမှူး ဗိုလ်မှူး တားတောင်ကြီးနှင့် မြို့နယ်မှူး ဗိုလ်က‌မေဲ;ဒါင်းတို့ ဦးဆောင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးရှိ ပြည်သူလူထုများအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားသော အပင်များ စိုက်ပျိုးခြင်းနှင့် ဥပဒေနှင့်ဆန့်ကျင်သည့် လုပ်ရပ်များအပေါ် သက်ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်မှုများကို ရှင်းလင်းအသိပညာပေးခဲ့သည်။


အလားတူ မိုင်းဝီးမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်နေ့မှ ဇူလိုင်လ (၆) ရက်နေ့အထိ နမ့်ခမ်းခရိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ ဗိုလ်မှူး တားပ္လါင်ကဒူး၊ နမ့်ခမ်းခရိုင်ရဲမှူး ဗိုလ်မှူး တားမာဝ်းဒါင်း၊ မိုင်းဝီးမြို့နယ်မှူး ဗိုလ်နောဆဲင်နှင့် ရဲမှူး ဗိုလ်ကြီး တားမာဝ်းညိူဝ်တို့ ဦးဆောင်၍ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအသီးသီးမှ ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ပြည်သူလူထုများက မူးယစ်ဆေးဝါးကင်းစင်သည့် လူမှုအသိုက်အဝန်း ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် အကြံပြုချက်များကို တက်ကြွစွာ ဆွေးနွေးတင်ပြခဲ့ကြပြီး စုစုပေါင်း ပြည်သူလူထု (၁,၀၄၅) ဦး တက်ရောက်ခဲ့ကြသည်။


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီသည် တအာင်းပြည်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုများထံ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးမှုများနှင့် ပြည်သူပူးပေါင်းပါဝင်မှု မြှင့်တင်ရေးလုပ်ငန်းများကို မြို့နှင့် ကျေးရွာအုပ်စုများတွင် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: မန်တုံနှင့် မိုင်းဝီးမြို့နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူလူထုများကို တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်