တအာင်းပြည်တွင် ဇူလိုင်လအတွင်း တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃) ဦးနှင့် သုံးစွဲသူ (၁၆) ဦး ဖမ်းဆီးနိုင်ခဲ့
နမ့်ဆန်၊ သြဂုတ် ၄ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မန်တုံ၊ နမ့်ခမ်း၊ မိုင်းလုံနှင့် နမ့်ဆန်မြို့နယ်တို့တွင် ဇူလိုင်လတစ်လအတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃) ဦးနှင့် သုံးစွဲသူ (၁၆) ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

မန်တုံမြို့နယ်တွင် ပြီခဲ့သည့် ဇူလိုင်လ (၁) ရက်နေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၁) ဦးသော်လည်းကောင်း၊ ဇူလိုင်လ (၇) ရက်နေ့လည်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁) ဦးထံ သုံးစွဲထားသည့် ဘိန်းဖြူအနည်းငယ် သိမ်းဆည်းရမိခဲ့သည်။
အလားတူ နမ့်ခမ်းမြို့နယ်တွင်လည်း မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် သုံးစွဲသူ (၄) ဦးကို ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ဇူလိုင်လ (၆) ရက်နေ့လည်း မိုင်းလုံမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး (၁) ဦးနှင့် သုံးစွဲသူအမျိုးသား (၂) ဦးတို့ထံ ယာမစိတ်ကြွဆေးပြား (၂၃၈) ပြား၊ ဘိန်းဖြူ (၂.၄) ဂရမ်တို့ကို မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်နေ့လည်း နမ့်ဆန်မြို့နယ်၊ ပန်လုံကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟု သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာတွင် အမျိုးသမီး (၁) ဦးထံ ယာမစိတ်ကြွဆေးပြား (၂၅၀) ပြားသော်လည်းကောင်း၊ ဇူလိုင်လ (၁၂) ရက်နေ့၌ အမျိုးသား (၁) ဦးထံ ယာမစိတ်ကြွဆေးပြား (၁၉) ပြားသော်လည်းကောင်း ဇူလိုင်လ (၉) ရက်နေ့လည်း သုံးစွဲသူ (၁) ဦးသော်လည်းကောင်း မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါသသည်။
အဆိုပါ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးမှုနှင့် သုံးစွဲမှုများ ပပျောက်စေရေး၊ လူငယ်များ၏ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုဘဝလုံခြုံတည်ငြိမ်ရေးတိုကို မြှင့်တင်နိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ