2044

နမ္မတူမြို့တွင် မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိသူ (၁) ဦးကို တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ဒေသတွင်းသတင်း / ဒေသတွင်း
09 August 2026

နမ္မတူမြို့တွင် မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိသူ (၁) ဦးကို တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

 

နမ့်ဆန်၊ သြဂုတ် ၉ ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ မန်တုံခရိုင်၊ နမ္မတူမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိသူ အမျိုးသား (၁) ဦးကို တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။


 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၇) ရက်နေ့ ညနေ (၇:၃၀) နာရီအချိန်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုရှိနေကြောင်း စုံစမ်းသိရှိရသဖြင့် မြို့နယ်ရဲတပ်ဖွဲ့နှင့် မူးယစ်အထူးတပ်ဖွဲ့တို့ ဦးဆောင်ကာ မိုင်းရင်ကျေးရွာ၊ ရပ်ကွက် (၃) အတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။

 

ထိုသို့ စစ်ဆေးရာတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ၊ တရားမဝင်လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိသူ အသက် (၃၇) နှစ်အရွယ် ကိုကျော်ခိုင် (ခ) အားတီကို ဖမ်းဆီးရမိခဲ့သည်။

 

၎င်း၏ နေအိမ်အတွင်းမှ ယာမစိတ်ကြွဆေးပြား (၃၇၀) ပြား၊ ဘိန်းမည်းထည့်ထားသည့် အဖြူရောင်ကော်ဗူး (၁) ဗူး၊ ဘိန်းဆီခဲထည့်ထားသည့် အဖြူရောင်ကော်ဗူး (၁) ဗူး၊ ဘိန်းအရည်ဟု ယူဆရသော အဖြူရောင်ကော်ဗူး (၂) ဗူး၊ ခါခူး (၁) ထုပ်နှင့် ဘိန်းမည်းရောချက်ရာတွင် အသုံးပြုသည့် ခါခူးအရွက် တစ်ပိဿာခန့်ပါ အိတ် (၁) အိတ်တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အပြင် ကျည်မျိုးစုံ (၇၇၉) တောင့်၊ လက်ပစ်ဗုံး (၂) လုံး၊ RPG ပို့ကျည် (၈) ခု၊ ပစ္စတိုသေနတ် (၁) လက်၊ ခြောက်လုံးပြူးသေနတ် (၁) လက်၊ MA-5 ကျည်အိမ် (၂) ခု၊ စနိုက်ပါကျည်အိမ် (၁) ခု၊ BA94 ကျည်အိမ် (၁) ခု၊ စကားပြောစက် (၁) လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ အဝါရောင်ဆာလာအိတ် (၂) အိတ်အတွင်းမှ ခဲသီးများထုပ်ထားသည့် အဖြူရောင်ပတ်အထုပ်ငယ် (၃၅) ထုပ်နှင့် မိုင်းဖောက်ခွဲရာတွင် အသုံးပြုသည့် ဖြူးသီး (ခ) ကဒ်သီး (၁၅၀) ခုတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

 

လက်ရှိတွင် ဖမ်းဆီးရမိသူ ၎င်းအမျိုးသားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနှင့် လက်နက်ဥပဒေတို့အရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။


Website Official

www.taangland.org


Telegram Official Channel

https://t.me/pslftnlanews


Telegram Link – Ta’ang TV

https://t.me/pslftnlaTaangTV


YouTube Official

https://www.youtube.com/@pslftnlanews

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ္မတူမြို့တွင် မူးယစ်ဆေးဝါး၊ တရားမဝင်လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ်ထားရှိသူ (၁) ဦးကို တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်