မြို့အတွင်းနှင့် ကျေးရွာတစ်ချို့ ဆက်သွယ်ထားသော လမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပြည်သူများမှ ပြုပြင်ခြင်း၊ သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ မြက်ပင်၊ ခြုံပင်များ ခုတ်ထွင်ရှင်းလင်းခဲ့
နမ့်ခမ်း၊ သြဂုတ် ၁၈ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းမြို့အတွင်း သန့်ရှင်းသာယာလှပရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန်သော်လည်းကောင်း၊ မန်တုံမြို့နယ်၊ မော်လုံ၊ မန်ပွန်းထပ်ချက်နှင့် ရေပုံးကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် ရေမြောင်းများ တူးဖော်ခြင်း၊ မြက်ပင်၊ ခြုံပင်များ ရှင်းလင်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပြည်သူလူထုများမှ စုပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

နမ့်ခမ်းမြို့အတွင်း၌ ယခုလတွင် မိုးများအဆက်မပြတ်ရွာသွန်းခဲ့သောကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ မြို့တွင်းရပ်ကွက်တစ်ချို့ရှိ လမ်းကြားများတွင် ရေမြောင်းများ ပိတ်ဆို့ခြင်းနှင့် အမှိုက်များ စုပုံနေခြင်းများဖြစ်ပေါ်ခဲ့သည်။ ထိုသို့ဖြစ်ပွားနေသည့် နေရာများအား မြို့နယ်စည်ပင်သာယာရေးဌာနမှ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ ရှင်းလင်းခြင်း၊ အမှိုက်များကို ဖယ်ရှားသန့်ရှင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် မြို့၏ သောက်သုံးရေအရင်းအမြစ်ဖြစ်သည့် သိုလှောင်ကန်အား သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းထားနိုင်ရန်အတွက် ကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်ရှိ အမှိုက်များကိုလည်း စနစ်တကျ ဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

အလားတူ မန်တုံမြို့နယ်၊ မော်လုံ၊ မန်ပွန်းထပ်ချက်နှင့် ရေပုံးကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်တွင် လမ်းပေါ် ရေများမရောက်ရှိအောင် ရေမြောင်းများ တူးဖော်ခြင်း၊ မြက်ပင်၊ ခြုံပင်များ ရှင်းလင်းခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် ပြည်သူလူထုများမှ စုပေါင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ လမ်းမကြီးသည် ခြုံပင်၊ မြက်ပင်များ ထူထပ်နေသည့်အပြင် မိုးတွင်းကာလတွင် လမ်းတံတားများ ပျက်စီးနေသဖြင့် ပြည်သူလူထုများ ခရီးသွားရာ၌ အန္တရာယ်များရင်ဆိုင်ကြုံတွေ့နိုင်သောကြောင့် သြဂုတ်လ (၁၁) ရက်နေ့၌ မော်လုံနှင့် ရေးပုံကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်သော်လည်းကောင်း၊ သြဂုတ်လ (၁၄) ရက်နေ့၌ မော်လုံနှင့် မန်ပွန်းထပ်ချက်ကျေးရွာကြားရှိ လမ်းမကြီးတစ်လျှောက်သော်လည်းကောင်း ပြုပြင်ဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်း လူဦးရေ (၂၇၀) ဦးကျော် ဝိုင်းဝန်းရှင်းလင်းခဲ့ပါသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည် တအာင်းပြည်အတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်သူများ၏ လူနေမှုဘဝနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများ ပိုမိုကောင်းမွန်လာစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/pslftnlanews
Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV
YouTube Official
https://www.youtube.com/@pslftnlanews
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ