2073

တအာင်းပြည်အတွင်း လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် အပတ်စဉ် (၂) ဝန်ထမ်းသစ် (၅၀) ဦး ခေါ်ယူ

ဒေသတွင်းသတင်း / ဒေသတွင်း
20 August 2026

တအာင်းပြည်အတွင်း လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် အပတ်စဉ် (၂) ဝန်ထမ်းသစ် (၅၀) ဦး ခေါ်ယူ

နမ့်ဆန်၊ သြဂုတ် ၂၀ ရက်
တအာင်းပြည်သတင်း

တအာင်းပြည်အတွင်း လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TLG လက်အောက်ရှိ တအာင်းပြည်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (Ta'ang Land Immigration Department) မှ လိုအပ်နေသော ဝန်ထမ်းသစ် (၅၀) ဦးကို စတင်ခေါ်ယူနေသည်။



တအာင်းပြည်ရှိ လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို ၂၀၁၆ ခုနှစ်ကတည်းက အထွေထွေအုပ်ချုပ်ရေးဌာနတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းအင်အားများ တိုးချဲ့၍ လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းသစ်တစ်ရပ်အဖြစ် ဆက်လက်အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်။



အဆိုပါ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းများကို ဦးဆောင်အကောင်အထည်ဖော်နိုင်ရန် တာဝန်ရှိခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များနှင့် နှစ်ပေါင်းများစွာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံရှိ ဝန်ထမ်းဟောင်းများဖြင့် အဖွဲ့အစည်းကို စုဖွဲ့၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။



ယင်းလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်နေသော ဝန်ထမ်းသစ် (၅၀) ဦးကို ခေါ်ယူခြင်းဖြစ်ပြီး လျှောက်ထားရမည့် အရည်အချင်းများ၊ လျှောက်လွှာတင်သွင်းရမည့် ကာလနှင့် သတ်မှတ်စည်းကမ်းချက်များကို လျှောက်လွှာဖောင်တွင် အသေးစိတ် ဖော်ပြထားသည်။



လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာဖောင်နှင့် အသေးစိတ်အချက်အလက်များကို သတ်မှတ်ထားသည့် ဖောင်မှတစ်ဆင့် ရယူနိုင်သည့်အပြင် သက်ဆိုင်ရာ ဖုန်းနံပါတ်များ၊ Viber၊ Telegram နှင့် Email တို့မှတစ်ဆင့် ဆက်သွယ်စုံစမ်း၍ လျှောက်ထားနိုင်သည်။

ဆက်သွယ်ရန်
ဖုန်း — 09667757102
Viber — 09667757102
Telegram — 09425464171
Email — [email protected]

Website Official
www.taangland.org

Telegram Official Channel
https://t.me/pslftnlanews

Telegram Link – Ta’ang TV
https://t.me/pslftnlaTaangTV

YouTube Official
https://www.youtube.com/@pslftnlanews

#PSLF/TLG
#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: တအာင်းပြည်အတွင်း လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် အပတ်စဉ် (၂) ဝန်ထမ်းသစ် (၅၀) ဦး ခေါ်ယူ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်